အခန်း -၁၇

26K 2.2K 66
                                    

Unicode

မိုးတွင်းကုန်ဆုံးပြီး ဆောင်းတွင်အစ‌ရောက်နေသော်ငြား မိုးတစ်ပေါက်နှစ်ပေါက်တော့ ကျနေဆဲပင်။ပစ်တိုင်းထောင် ထီးဆောင်းကာပုဆိုးမရင်း အလှူခံဌာနဘက်သို့ထွက်လာခဲ့သည်။ကိုဘုန်းကလည်းအိမ်ကို ခဏခဏလာ၊သူကလည်းကိုဘုန်းအိမ်ကိုခဏခဏ သွားနှင့်ကြာရင်လူတွေရိပ်မိလာတော့မည်ဖြစ်၍ တွေ့ချင်ပြီဆိုကိုနန္ဒအား အပြန်အလှန်စာပို့ခိုင်းကာ အလှူခံဌာန၌တွေ့ကြသည်။ဘယ်သူမှမရိပ်မိသေးပေမဲ့ ကိုနန္ဒကမူဖြစ်ကြောင်းကုန်စင်အားသိလေသည်။

သို့သော်ပစ်တိုင်းထောင်အား ကိုဘုန်းအခုထိချစ်တယ်ဟုအသေအချာမပြောသေးပေ။သူကတော့ ချစ်တယ်ဟုပြောရသည်မှာ ၉၉၉၉၉၉၉ ခေါက်ရှိနေပြီဖြစ်သည်။စောင့်ရတာကြာတော့ ကိုဘုန်းကိုပင်ထိပ်တုံးပြန်ခတ်ချင်လာသည်။မမသော်ကလည်း မေးကြည့်ပါလား ဟုခဏခဏပြောသော်လည်း မေးမည့်အကြောင်းတွေးရင် မျက်နှာတစ်ခုလုံးထူပူလာသည်။စကားပင်မစရဲ။ဒါကြောင့်လည်း ဒီအချိန်အထိ‌မမေးနေခဲ့ခြင်းပင်။

ကိုဘုန်းသည် တစ်ခါတရံ‌‌ဆောင်းတွင်းရောက်နေသည့်အလားအရမ်းကိုသွေးအေးတတ်သည်။ အထူးသဖြင့်ပစ်တိုင်းထောင်အရိပ်တောင်မရှိတဲ့နေရာမျိုးဆို ပိုဆိုးသည်။ပစ်တိုင်းထောင် လျှောက်လာရင်းအလှူခံဌာနသို့ရောက်လာချေပြီ။အခုလည်းကြည့် ကိုဘုန်းကမူမျက်နှာကြီးအားချီထားသည်။ပစ်တိုင်းထောင် ပြုံးစစနှင့်ကိုဘုန်း‌ေနာက်‌ေကျာဘက်သို့ တိတ်လေးသွားရင်း လက်နှစ်ဖက်ဖြင့်ကိုဘုန်းမျက်လုံးအားပိတ်ကာ။

" ဘယ်သူလဲ "

အသံပြောင်းအောင် တမင်တကာလုပ်ပြီးပြောလိုက်သောပစ်တိုင်းထောင် ခဏအကြာမှာတော့ တစ်ဖက်မှစကားသံတစ်စက်မှထွက်မလာဘဲနှင့် ရုတ်တရက်ကြီး ပစ်တိုင်းထောင်အားခါးမှပွေ့ကာ ကိုဘုန်းထိုင်နေသော ခုံတန်းရှည်ပေါ်သို့ဆွဲချပြီး သူနှင့်အတူထိုင်ခိုင်းထားသည်။

" ကလေး ဘာလာလုပ်နေတာလဲ မိုးဖွဲလေးတွေကျနေတာကို အအေးမိပြီးတော်ကြာနှာစေးနေအုံးမယ်။ကဲ ကြည့်အုံး ပုဆိုးအောက်နားလေးတောင်ရေစိုနေတယ်လာ ညှစ်ပေးမယ်။ "

သူကြီးကတော်(BL)Où les histoires vivent. Découvrez maintenant