အခန်း - ၂၃

22.1K 1.9K 71
                                    

Unicode

တန်ဆောင်မုန်း လပြည့်ကျော်တစ်ရက်နေ့ည
(သူခိုးကြီးည)

တချို့ကတော့ ကပ်စေးနဲကော်တရာကြီး ဘစိန်အိမ်က ကြက်ဖကြီးအားဖမ်းပြီး ကြက်ကာလသားဟင်းချက်ကြရန် တိုင်ပင်နေကြသည်။သို့ပေသိ ပစ်တိုင်းထောင်ကမှု ယောက်ျားခိုးရန် အထုတ်ပြင်နေသည်။

ထိုစဉ်

" ဟဲ့ ပစ်တိုင်းထောင် ကုန်းကုန်း ကုန်းကုန်း နဲ့ဘာတွေလုပ်နေတာတုံး ညကြီးမိုးချုပ်။ "

တော်သေးတယ် တံခါးဖွင့်သံကြားလို့ ထုတ်လက်စအထုပ်ကို ဖက်ခနဲ ကုတင်အောက်ပစ်ထည့်လိုက်လို့ မဟုတ်ရင်အမေနဲ့ ပြီးတော့မှာမဟုတ်ဘူး။

" မဟုတ်ပါဘူး။ သား သား အမှိုက်ရှင်းနေတာ။ပြီးတော့ ဖုန်တွေ ဘာတွေ သုတ်နေတာပါ။ "

" ညကြီးမိုးချုပ် မဟုတ်တာတွေလုပ်မနေနဲ့နော် ကြားလားသား "

" ဟုတ် ကဲ့။ "

တော်သေးတယ်။စကားအများကြီးမပြော‌သွားလို့။သိကြတဲ့အတိုင်း စကားပြောပါများရင်အမှန်ပေါ်သွားတတ်သည်မဟုတ်လား။

ဟုတ်ပြီ။ဒီဟာလေးက ရေလဲပုဆိုး၊ဒီဟာလေးက အကြမ်းဝတ်ဖို့၊ဒီဟာလေးက အလှူတွေဘာတွေသွားရင်ဝတ်ဖို့။

ပစ်တိုင်းထောင် သူ့ဟာနှင့်သူတော့ဟုတ်နေသည်။ခိုးရာလိုက်ရာမည်ကို တွေးပြီးပျော်နေမိသည်။အရင်တုန်းက မမသော်တို့ကို အကူအညီပေးပြီးနောက် ယခုတော့ကိုယ်တိုင်ကြုံတွေလာရသည်။မိမိချစ်မြတ်နိုးသူနှင့် အတူနေရမည်ဆိုတော့ အလွန်တရာမှကြည်နူးဝမ်းသာကာ ဆူးတောဝင်တိုးရမည်ဆိုလည်းမမှုတော့ပါချေ။

ဒီလိုနှင့်အထုပ်အပိုများအား တတ်နိုင်သလောက်ချုံ့သည်ထက်ချုံ့ကာ ထုတ်ပိုးပြီးသကာလ ချွေးများပင်စို့လာသည်။ထို့နောက် နံရံပေါ်ရှိနာရီအားလှမ်ူကြည့်မိကာ သန်‌းခေါင်ယံအချိန်သို့ တရွေ့ရွေ့နှင့်နီးကပ်လာလေပြီ။

ပစ်တိုင်းထောင်ချက်ချထားသောတံခါးအား အသာလေးဖွင့်ကာ ခြေဖျားလေးထုတ်ခါရင်း အပြင်ဘက်ရှိအခြေအနေအား လေ့လာလိုက်သည်။မူမမှန်တာမတွေ့သောကြောင့် အခန်းထဲပြန်ဝင်ကာ အထုတ်ဆွဲရင်းအခန်းပြင်သို့ ငှက်မွေးကဲ့သို့ပေါ့ပါးလှသော ခြေလှမ်းများဖြင့်ထွက်လာခဲ့သည်။အဖေနှင့်အမေတို့ အခန်းဘက်မှမူမမှန်သည်များကိုမတွေရလေသောကြောင့် သတိချပ်ကာခပ်သုတ်သုတ်လျှောက်ရင်း ဘုရားခန်းဘက်သို့ရောက်သော် ။

သူကြီးကတော်(BL)Where stories live. Discover now