အခန်း - ၂၇(ဇာတ်သိမ်းပိုင်း)

32.3K 1.9K 67
                                    

Unicode

ပစ်တိုင်းထောင် တစ်ယောက်ကုန်းကုန်းကွကွနှင့် မီးဖိုချောင်၌အလုပ်ရှုပ်နေသည်ကို ဈေးမှမောမောပန်းပန်းနှင့်ပြန်လာသော ဒေါ်လှရီတွေ့လိုက်ရသည်။

ထိုကြောင့်ဈေးခြင်းတောင်းအား ဗုန်းခနဲပစ်ချလိုက်ရင်း။

" ပစ်တိုင်းထောင် နင့်မလဲမိုးလင်းကတည်းကအလုပ်ရှုပ်နေတော့တာပဲ။ မအေကိုဝိုင်းကူမယ်ဘာမယ်တော့မရှိဘူး။ "

ပစ်တိုင်းထောင် ကြက်သွန်နီထောင်းလက်စအား လက်စသပ်ရင်း။

" မေမေကလည်း သားကမကြာခင်အိမ်ထောင်ပြုတော့မှာဆိုတော့ အချက်အပြုတ်ကျွမ်းကျင်အောင်လေ့လာထားရတယ်လေ ဒါမှသားယောက်ျားကို နေ့တိုင်းသားလက်ရာလေးချက်ကျွေးလို့ရမှာပေါ့။ "

ပစ်တိုင်းထောင် ပြောစကားအား ဒေါ်လှရီ ဆုံးအောင်နားထောင်ပြီးသည့်နောက် ဈေးခြင်းတောင်း ထဲရှိခရမ်းသီးနှင့် ပစ်ပေါက်လိုက်လေတော့သည်။

" အ‌မလေး အရပ်ကတို့ရေကြာူလို့မှကောင်းကြရဲ့လား မွေးကတည်းကဆယ့်ရှစ်နှစ်အထိဟောဒီအမေကပဲ ကျွေးမွေးလာရတာကို ယောက်ျားယူခါနီးမှ သူ့ယောက်ျားကိုချက်ကျွေးဖို့ ဟင်းချက်သင်ရတာနဲ့ ဟိုဟာလုပ်ရတာနဲ့ သောက်ကောင်လေးမွေးရကျိုးကိုမနပ်ဘူး။ "

ပစ်တိုင်းထောင် ခရမ်းသီးကိုင်ရင်း နားသွားသောသူ့နဖူးအားအသာပွတ်နေသည်။

" မေမေ့ကို ကိုဘုန်းနဲ့တိုင်မယ်။ "

" အမလေးတိုင် တိုင်ချင်တိုင်နေရာသွားတိုင် တိုင်ချင်တဲ့သူနဲ့တိုင် ငါကဂရုကိုမစိုက်တာ ထမင်းဟင်းချက်ရမလား သူ့အလုပ်တွေပဲလုပ်ပေးရမလား တအိမ်လုံးအလုပ်ကိုငါပဲလုပ်နေရတယ် ဘာမှသုံးစားလို့မရဘူး တနေ့‌တနေ့စားလိုက်သောက်လိုက် အိပ်လိုက်နဲ့ ခုကြည့်ယောက်ျားယူခါနီးမှ ဟိုဟာချက်သင်ရတာနဲ့ဒီဟာချက်သင်ရတာနဲ့ သူ့ယောက်ျားအတွက်ကြတော့ သိတတ်တယ်။ဒီကမအေကိုကြတော့ မသိတတ်ဘူး။ "

ဒေါ်လှရီပြောသမျှအား ပစ်တိုင်းထောင်ဂရုမစိုက်ပေ ဒီဘက်နားကဝင်ပြီးဟိုဘက်နားကထုတ်လိုက်သည်။ ပစ်ပေါက်ခံရသော ခရမ်းသီးအားခြစ်တောင်းထဲ ပစ်ထည့်လိုက်ရင်း သူ့၏ကိုဘုန်းဆီကိုသာ ကြွလှမ်းလေတော့သည်။

သူကြီးကတော်(BL)Where stories live. Discover now