အခန်း - ၈

26.5K 2.6K 17
                                    

Unicode

    

တစ်ခုသောညနေခင်းဝယ်။
ရွာထိပ်ရှိ ညောင်ပင်အောက်တွင်ပင်။ပုံမှန်ဖွင့်နေကြဖြစ်သော ဒေါ်လှ၏အကြော်ဆိုင်မှာလည်း ညနေ‌‌ေဆာင်းလာသောကြောင့် ပိတ်သွားပြီဖြစ်သည်။ပုစွန်ဆီရောင်သန်းနေသော ကောင်းကင်ကြီးနှင့်မီးခိုး‌ေရာင်ယှက်သန်း‌ေန‌ေသာတိမ်ဆိုင်များမှာမူ ရီဝေဝေနှင့် မကောင်းမှု‌အားကျူးလွန်ရန် အားပေးနေသယောင်ယောင်။

" ဖြစ်ပါ့မလား။မမသော်ရဲ့....။ "

" ဖြစ်တယ်။ဖြစ်တယ်။လာသွားမယ်ကိုရဲ့....။ "

" ပစ်တိုင်းထောင် ဒါဆိုငါတို့သွားပြီ။ဂရုစိုက်အုံး။ယောက်ဖကိုလဲ နှုတ်ဆက်တယ်ပြောပေးအုံး။ "

မေသော်တာသူရကျောပြင်အား ဖြန်းခနဲရိုက်ကာ။

" ကိုနော်။ဟိုက သိရင်းထိပ်တုံးစာမိအုံးမယ်။ "

" သွားပြီ။သူကြီးကတော်လောင်းလေးရေ။ "

ထွက်သွားသော ကျောပြင်နှစ်ခုအားကြည့်ရင်း ပစ်တိုင်းထောင် သက်ပြင်းချမိသည်။တကယ်ထိပ်တုံးစာမိမှာကိုသူရမဟုတ်ဘူး။ငါကွ .... ငါ။ဟောဒီကပစ်တိုင်းထောင်ဆိုတဲ့ငါ။ဘယ်လိုငါ ဟိုလူကြီးကိုရင်ဆိုင်ရမှာလဲ။

လေးလံသောခြေလှမ်းများနှင့် အိမ်သို့ဦးတည်ကြွလှမ်းနေသည်။ညီအစ်ကိုမသိတသိအချိန်တောင် ရောက်နေပြီမို့။ရွာထိပ်ကနေ ရွာထဲသို့ပြန်ဝင်ချိန်၌ လမ်းမှာထန်းရည်သမားများနှင့်မတွေ့ချင်၍ ခြေလှမ်းကိုသွက်သွက်လျှောက်မိသည်။ထိုစဉ်ရှေ့တည့်တည့်မှ လာနေသောဟိုအမူးသမား  ခင်သောင်း ။

သောက်မြင်ကိုကပ်တယ်။မတွေ့ချင်တဲ့လူနဲ့မှ လာတွေ့နေရတယ်လို့ကွာ။

ခင်သောင်းဆိုသည်မှာ ပစ်တိုင်းထောင်အား ရိသဲ့သဲ့လုပ်ကာ ဟိုထိဒီထိနှင့်မကြာခဏ လုပ်တတ်သူဖြစ်သည်။ထန်းယိုင်ရွာသာမက ရွာနီးချုပ်စပ်ရှိ ကွမ်းတောင်ကိုင်၊ပန်းတောင်ကိုင်များသာမက အချောအလှအကုန်သူလိုက်ပြီးပိုးပန်းသည်။သို့ပေသိ သူလို့အရက်သမား၊ထန်းရည်သမားကို မည်သူကပြန်၍ကြိုက်ချင်မည်နည်း။ထို့ကြောင့် ကြံရာမရသည့်အဆုံး။ ငါးမရရေချိုးပြန်ဆိုသလိုပင် ပစ်တိုင်းထောင်အား ကြံရွယ်ချင်းဖြစ်သည်။သို့သော်ပစ်တိုင်းထောင်ဆိုသည်မှာလည်း ဟိုထိဒီထိမပြောနှင့်။ရိသဲ့သဲ့လာလုပ်လျှင်ပင် နီးစပ်ရာနှင့်ကောက်ပေါက်တတ်သောသူပင်မဟုတ်လား။

သူကြီးကတော်(BL)Donde viven las historias. Descúbrelo ahora