Unicode
အချိန်တွေရွေ့လျားလာလိုက်တာ ဝါကျွတ်ခါတောင်နီးနေပြီ။ကိုဘုန်းတို့ အဟင့်!!! သူကြီးတို့အဖွဲ့တောင် ဝါကျွတ်ခါနီးစီစဉ်စရာ ရှိသည်များကိုစီစဉ်နေသည်။မမသော်တို့လည်း အိမ်ပြန်လာပြီး မကြာမီလက်ထက်တော့မည်တဲ့။ကိုသူရကလည်း ကိုဘုန်းရဲ့လက်သီးကိုအဝစားပြီးနောက် လက်ထပ်ခွင့်ကိုရသွားလေသည်။မထိုးပါနဲ့ဟု အတန်တန်ပြောပါသော်လည်းမရပါ။ကိုဘုန်းကအရမ်းစိတ်ကြီးတာပဲ။
ဝါကျွတ်ပြီးရင် ကထိန်၊တန်ဆောင်တိုင်ပွဲတော် တို့ကတန်းစီပြီးလာမှာမို့ အခုကတည်းကကြိုတင်စီစဉ်နေကြခြင်းဖြစ်သည်။ခုလည်းကိုဘုန်းအိမ်မှာမရှိချေ။သူမရှိတုန်းသူ့အိမ်ကိုလာပြီး မမသော်အား လာတွေ့ခြင်းဖြစ်သည်။သူသာရှိလို့ကတော့ မမသော်ကိုတောင်တွေ့ရမည်မဟုတ် ချက်ချင်းကိုသူ့အခန်းထဲဆွဲသွင်းပြီး ရင်ခွင်ထဲထည့်ကာ ကလေးလိုလိုဘာလိုလိုနှင့် ချစ်လားပဲခဏခဏလာလာမေးသည်။မဟုတ်ရင်လည်း ယောက္ခမကြီးကော ဘာတွေလုပ်နေလည်း နေကောင်းလား ယောက္ခထီးကောကျန်းမာရေးကောင်းလာနှင့် တော်တော်လေးကို အတင့်ရဲပါပေသည်။
ဟိုတစ်ခေါက်တုန်းကလည်း ထမင်းစားနေရင်းမေမေ့ကို ယောက္ခမကြီးဟုထခေါ်သည်။တော်သေးသည် မေမေမကြားလိုက်၍သာကြီးကြီးမေကလည်း ကြာလား၊မကြားလား မသိချင်ယောင်ဆောင်ပေးတာလားသေသေချာချာမသိ။
" ထောင်ထောင်လေး ဘာတွေထိုင်စဉ်းစားနေတာတုံး အကြမ်းရည်တွေတောင်ဖိတ်ကျကုန်ပြီ။ "
မမသော်ပြောမှ သတိထားမိသည်။အကြမ်းရည်တွေစားပွဲပေါ်၌ဖိတ်ကျနေသည်မှာ ခြောက်ပင်ခြောက်တော့မည်။သူ့အဲ့ဒီလောက်အထိအတွေးပေါက်သွားတာလား။
" အဟဲ ဘာမှမစဉ်းစားပါဘူး။မမသော်ရဲ့...။ "
" မေမရှိတုန်းမေးရအုံးမယ်။လာ လာ လိုက်ခဲ့။ "
ဟုပြောကာသူ့အိပ်ခန်းအား ခေါ်သွားသည်။ကိုဘုန်းနဲ့မမသော်ကို မောင်နှမမဟုတ်ဘူးလို့ မည်သူကပြောလဲမသိ။နှစ်ယောက်လုံးကအခန်းထဲပဲသွင်းနေကြသည်။
" လာထိုင် မမသော်ကပစ်တိုင်းထောင်လေးကို မေးစရာရှိလို့။ "
" မေးလေမမရဲ့ "
ESTÁS LEYENDO
သူကြီးကတော်(BL)
Ficción GeneralTitle - သူကြီးကတော် Type - တောရွာ။ Start date - 12 January 2021 End date - 8 September 2021 Unicode and Zawgyi