Unicode
ဘာလိုလိုနဲ့ လက်ထပ်ပြီးတာတောင် ၁နှစ်ပြည့်ပြီပေါ့.. မမသော်လည်းကလေးလေး မွေးပြီးပြီလို့ကြားတယ် သမီးလေးတဲ့ ကိုဘုန်းကသတင်းကြားပြီးဝမ်းသာနေလိုက်တာ။
ပစ်တိုင်းထောင် ယောက်ျားဖြစ်သူဝမ်းသာနေရတာကိုကြည့်ပြီး သူကဝမ်းနည်းလာရတယ်။
ငါကမိန်းကလေးလည်းမဟုတ်တော့ ကိုဘုန်းအတွက်ကလေးလေးတွေမမွေးပေးနိုင်ဘူး အဲ့ဒါနဲ့ပတ်သက်ပြီး ကိုဘုန်း ငါ့အပေါ် စိတ်ကွက်သွားရင် ဘယ့်နှယ့်လုပ်ရပါ့။
အတွေးကမ္ဘာတည်း ဝဲလည်လည် တောင်တွေးမြောက်တွေးနှင့် ပစ်တိုင်းထောင်တစ်ယောက် ထန်းရည်မသောက်ဘဲ မူးနေလေပြီ။
ထိုစဉ်..
" ကလေး ဘာတွေထိုင်မှိုင်နေတာတုံး "
ဘာလို့ရယ်မသိ ကိုဘုန်းစကားကြားပြီးနောက် ပစ်တိုင်းထောင်ရှူးရှူးရှဲရှဲနှင့် စိတ်ဆိုးလာကာ
" တော်ပြီ ကိုဘုန်းကို မခေါ်တော့ ဘူး ညကျဘုရားစင်ရှေ့မှာ ခြင်ထောင်ထောင်ပြီး ခြင်ဆေးခွေထွန်းအိပ် ဒါပဲ အခန်းထဲ ခြေချဖို့ လုံးဝစိတ်မကူးနဲ့ "
ပြောချင်ရာပြောပြီး ထထွက်သွားသော ကလေးလေးအား ဘုန်းမြတ် ပါးစပ်အဟောင်းသားနှင့် ထိုင်ငေးနေမိသည်။
*အသားလွတ်ကြီးပြောသွားတာဟ ငါ့လိုတရွာလုံးကလေးစားရတဲ့ သူကြီးကိုဒင်းလေးကပြောချင်တိုင်းပြောနေပါလား။ အိမ်း ဒါပေမဲ့ ပြဿနာသွားမရှာရဲဘူး ကြောက်တယ်။
အခုတလော ကလေးကဘာတွေဖြစ်နေတာပါလိမ့် ည ည သူကလိတာများသွားလို့များလား။
ဘာပဲဖြစ်ဖြစ်ပါလေ တစ်ညတစ်ခါတော့ ပုံမှန် ... အဲ ပုံမှန် ... ကလိပေးရမှာပဲ အဲ့တာမှ ဟင်းဟင်း။
ဘုန်းမြတ် ထိုင်ရာမှကောက်ကပ်ထရင်း ကလေးအနောက်သို့လိုက်ရတော့၏။
အခန်းထဲရောက်တော့ ဓမ္မမိတ်ဆွေကြီးက ဘုရားစင်ရှိရာအရပ်ကိုမျက်နှာမူပြီး ပုတီးစိပ်နေသတဲ့လေ။ နှုတ်ခမ်းလေးကလည်း ပွစိပွစိနှင့်ဖက်နမ်းပစ်ချင်စရာပါပေ့။
YOU ARE READING
သူကြီးကတော်(BL)
General FictionTitle - သူကြီးကတော် Type - တောရွာ။ Start date - 12 January 2021 End date - 8 September 2021 Unicode and Zawgyi