Extra - 2

23.8K 1.6K 24
                                    

Unicode

" ကို ဘုန်း ကို ဘုန်း ထတော့မိုးလင်းနေပြီ "

" အမ် "

ဘုန်းမြတ် အိပ်ရေးတောင်မဝသေး ကလေးကလာနိုးသည်မို့ မျက်လုံးမဖွင့်ချင်ဖွင်ချင်နှင့် ထလိုက်ရသည်။

" နိုးပြီးလား ကလေးရ ‌အစောကြီးရှိပါသေးတယ်။ ညကမပင်ပန်းတဲ့အတိုင်းပဲ ကလေးရယ်ကိုယ်အိပ်ရေးတောင်မဝသေးဘူး။ "

" မဟုတ်တာတွေပြောမနေနဲ့ ‌ အိပ်ရေးမဝလည်းထတော့ "

" ငါးမိနစ်ပဲလေ ငါးမိနစ် "

ပစ်တိုင်းထောင် မိမိခါးအားလာဖက်ရင်း ချွဲပြနေသောကလေးဆိုးကြီးအား မမူနိုင်ပါ။ပြန်ဖက်ရင်း ...

" ဒါဆိုလည်း ငါးမိနစ်ပဲရမယ်နော် ဆယ်မိနစ်ဆိုရင် တွေ့မယ်ဟွန့်ခ် "

" အင်းပါကလေး "

ပြောပြီး ပြန်မှေးနေသော ကိုဘုန်းအားထားခဲ့ပြီး။ မနက်စာပြင်ရန်အိမ်နောက်ဖေးသို့ထွက်ခဲ့တော့သည်။

လက်ထပ်တဲ့နေ့ကတည်းက အိမ်အသစ်ကိုပြောင်းလာခဲ့တာဖြစ်သည်။ကိုဘုန်းကမိဘတွေနဲ့ အတူတတူနေချင်လား သီးသန့်နေချင်လားဟုမေးတော့။သေချာစဉ်းစားကာ သီးသန့်နေရန်ဆုံးဖြတ်ခဲ့ခြင်းပင်။

မင်္ဂလာမဆောင်ခင်ကတည်းက အိမ်ဆောက်ဘာညာကိုဘုန်းက အကုန်အဆင်သင့်လုပ်ထားသည်မို့ အသင့်တက်နေရုံပင်။

အခုလည်း မီးဖိုချောင်ထဲသို့ဝင်ကာ အရင်ဆုံးကိုဘုန်းသောက်လေ့ရှိသော အကြမ်းရည်လုပ်ရန်ရေနွေးအရင်တည်ရသည်။နိုးလာကတည်းကနုန်းနုန်းချည်းဖြစ်နေပေမဲ့ ကိုယ်လက်သန့်စင်ကာ ဈေးတော့သွားဖြစ်အောင်သွားကာ ရိုးရိုးရှင်းရှင်းနေ့လည်စာချက်ရန်ပြင်လိုက်သည်။

ထုံစံအတိုင်းဘူးသီးနှင့်ကြက်သား၊ငရုတ်သီးဆားထောင်းပင်။

ကိုဘုန်းလည်းကြိုက်သူလည်းကြိုက် အဆင်ပြေနေရော။ကိုဘုန်းပါးစပ်က တော်ပါတော့ဟုပြောမှချက်တာရပ်မည်။ချက်ပြီလျှင် အမေ့အိမ်ကော ယောက္ခမအိမ်ကော သွားပို့ရမည်။

ရေနွေးတည်နေရင်း ခါးနောက်မှသိုင်းဖက်လာသည်မို့ ငြိမ်ခံနေလိုက်သည်။

သူကြီးကတော်(BL)Where stories live. Discover now