Unicode
" ဟယ် သားလေး။သားလေး ဘာဖြစ်တာလဲ။ဘုန်းမြတ် မင်းကလေးကိုလန့်အောင်ဘာတွေသွားလုပ်လိုက်ပြန်တာလဲ။ "
ဒေါ်မေသီ ခြံဝသို့ဝင်လျှင်ဝင်ခြင်း ပစ်တိုင်းထောင်၏ငိုသံကိုကြားရသောကြောင့် အပြေးအလွှား သွားကာဘုန်းမြတ်အားဆူပူလိုက်ခြင်းပေ။လှကလည်း စိတ်နဲ့လူနဲ့မကပ်။သားဖြစ်သူကလည်းငို။ဒေါ်မေသီ ကြည့်ရင်းသနားလာသည်။အိမ်း....ထောင်ထောင်လေးရဲ့ ပုံစံနဲ့ကတော့ ဘယ်လိုမှမိန်းမရနိုင်မည်မဟုတ်။ငါ့နှယ် ဒီကောင်လေးအတွက် စိတ်တောင်ပူတယ်။
ဒေါ်လှရီ၏ လွင့်သွားသော ဝိညာဉ်မှာသူ၏သားဖြစ်သူ ငိုသံကြားမှ ခန္ဓာကိုယ်ထံသို့တဖန်ပြန်ကပ်သွားပုံပင်။
" သားလေး ပစ်တိုင်းထောင်။ဘာဖြစ်လို့ငိုနေတာလဲ။ "
" အဟင့်....အဟင့်....."
ပစ်တိုင်းထောင်မှာ ငိုမြဲသာငိုနေပြီး မည်သည့်စကားကိုမျှမဆိုချေ။ဘုန်းမြတ်မှာတော့ လက်အကိုက်ခံရတာမိမိသာလျှင် ဖြစ်ပြီးမိမိကိုယ်တိုင်ပဲအပြစ်သားလိုခံစားလာရတော့သည်။နစ်နာသူက ငါပါကွာ !!!! ထို့ကြောင့် မနေနိုင်မထိုင်နိုင်မိမိကပဲ ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့သည်။ဒေါ်မေသီနှင့်ဒေါ်လှရီ လည်းစိတ်ဝင်တစားနားထောင်နေသည်မှာ မန္တလေးFM မှစနေနေ့တိုင်း လွှင့်လေ့ရှိသောတီတီပုံပြောမယ် အစီအစဉ်ကိုနားထောင်နေသည့်အလား။
ပုံပြင်ဆုံးကမှာပဲ မူလဒေါ်လှရီပြန်ပေါ်လာတော့တယ်။" ပစ်တိုင်းထောင် နင်ကဘာဖြစ်လို့ဘုန်းမြတ်လက်ကို သွားကိုက်ရတာတုံး။အားနာစရာကြီး ပြီးတော့။ဘုန်းမြတ်ကပြောတော့လည်း နင်ကစိတ်ဆိုးသေး။ခွေးလို့ပြောတာဘာဖြစ်လဲ။သူများလက်ကို သွားကိုက်တာကို။ဟွန်း !!!! "
ပစ်တိုင်းထောင်မှာတော့ အမေဖြစ်သူ၏ဆူပူမှုများကို ခံရတာကြာတော့လည်း မထုံတော့ပေ။ဘုန်းမြတ်ကမူ မျက်လုံးလေးကလယ်ကလယ်နှင့်။အင်းပေါ့ သူကသူကြီးလေ ပြီးတော့တည်ကြည်ခန့်ညား အမျိုးကောင်းသားကြီးဆိုတော့ ဘယ်အဆူခံထိဖူးပါ့မလဲ။
" ဘုန်းမြတ်၊သားရေ ပစ်တိုင်းထောင်ကို ဗွေမယူပါနဲ့ကွယ်။သူကကလေးပဲ ရှိသေးတာဆိုတော့...။ "
ဒေါ်လှရီပြောနေရင်း ပစ်တိုင်းထောင်ဖက်ကိုမျက်စောင်းတစ်ချက်ထိုးကာ။
VOUS LISEZ
သူကြီးကတော်(BL)
Fiction généraleTitle - သူကြီးကတော် Type - တောရွာ။ Start date - 12 January 2021 End date - 8 September 2021 Unicode and Zawgyi