Mo & Han (2)

18.5K 1.7K 134
                                    

မင်း ပြန်လာတာ ကို ဂုဏ်ပြုတဲ့ အနေနဲ့
မင်းဆက်ခ တို့ ပိုင်တဲ့ ဟိုတယ်မှာ ပွဲလေး
တခု လုပ်ဖို့ စီစဥ်လိုက်တယ်.........။

”ကိုကြီး ရေ ”

မင်း တစ်ယောက် သူ့အခန်းထဲမှာ ပစ္စည်း တွေ
နေရာချနေတုန်း အခန်းဝရောက်လာတဲ့
ပေါက်စ.........။

”ပြောလေ ငယ်လေး ”

ကောက်ချီလိုက်တော့ ပခုံးမှာ မျက်နှာကပ်ပြီး
ချွဲတော့တယ်။

”ကိုကြီး ဟန်းလေး အတွက် အရုပ်တွေကော ”

မင်း ဟန်းလေး ပါးလေး ကိုနမ်းပြီး
ဘေးက Luggage တစ်လုံးကို ဆွဲဖွင့်လိုက်တယ်။

Luggage အပြည့် အရုပ်တွေလည်း မြင်ကော
ချက်ချင်းကော့ထိုးဆင်းကာ အရုပ်တွေ
နားရောက်သွားတယ်။

အရုပ်တွေ ကြားထဲ ထိုင်ကစားနေတဲ့ ဟန်းလေး
ကို ထားကာ လုပ်စရာရှိတာတွေ ဆက်လုပ်နေလိုက်တယ်။

”ငယ်လေး ဟန်းလေးရေ ”

ခေါ်သံကြောင့် မင်း ထွက်ကြည့်လိုက်တော့
မို.........။

”ကိုကြီး ဟန်းလေး က အခန်းထဲမှာ ”

ပြောလိုက်တော့ အခန်းထဲ ဝင်လာပြီး
အရုပ်တွေ ကြားထဲဆော့နေတဲ့ ကလေးကို
ကောက်ချီလိုက်တယ်။

”ကိုကို လွှတ် ဟန်းလေး ဆော့မလို့ ”

မို မျက်မှောင်ကုတ်ကာ ဟန်းလေးကို
ကြည့်လိုက်ပြီး........။

”ထမင်းစားချိန်ရောက်နေပြီ ဟန်းလေး ”

မို ပြောလိုက်တော့ နှုတ်ခမ်းဆူကာ
မို ပခုံးပေါ် မျက်နှာ အပ်ကာ စိတ်ကောက်သွား
တော့တယ်။

”မင်း လည်း ဆင်းလာတော့
အောက်မှာ ထမင်းစားကြမယ် ”

မိုပြောပြီး မင်းအဖြေကိုတောင် မစောင့်ပဲ
အောက်ထပ်ဆင်းလာလိုက်တယ်။

အောက်ထပ်ရောက်တော့ လူကြီးတွေ အကုန်
ရောက်နေကြပြီ.....။

မို ထမင်းထဲ ကို ဟင်းချို ရောလိုက်တယ်။
ပြီးတော့ အအေးခံနေပြန်တယ်။

မိုလုပ်သမျှ အထူးအဆန်းလို ဖြစ်နေတဲ့
Sam တို့ကြောင်ကာ ကြည့်နေပြန်ရော.......။

Noel's Husband (Z & U)  Where stories live. Discover now