"ငယ် ရယ် ကြာလိုက်တာ ဘာလုပ်နေတာလဲ ”
ဇေယု ဖိနပ်ဝတ်ရင် Sam ထွက်အလာကို
ထိုင်စောင့်နေရတယ်။”လာပြီ လာပြီ ”
ပြေးထွက်လာတဲ့ Sam ကို ဇေယု ကြည့်ကာ
ခေါင်းခါလိုက်တယ်။Sam လည်းထိုင်ကာ ဖိနပ်ဝတ်တဲ့ အချိန်ဇေယု
မတ်တပ်ရပ်ကာ Sam ကို စောင့်နေလိုက်တယ်။”မောင် ခါးပတ်ပြုတ်နေတယ် ”
ပြောလည်း ပြော ဇေယု ဖိနပ်ဝတ်ရင်းကနေ
လှည့်ပြီး ခါးပတ်ပြန်တပ်ပေးနေတာကို
မြင်သွားတာက Noel ။”Oops! ငါဘာမှမမြင်လိုက်ဘူးနော် ”
ပြောပြီး အပေါ်ကို ပြေးတက်သွားတဲ့ Noel ။
သူတို့ပုံစံသူတို့ကြည့်မိတော့ Sam ကထိုင်ရက်နဲ့
နဲ့ ဇေယု ခါးပတ်ကို ကိုင်ထားတာ
မသိရင် ဇေယု လက်က Sam ခေါင်းကို
ကိုင်ထားသလို......။သူတို့ဟာ သူတို့ သဘောပေါက်သွားတော့
ဇေယု အသံထွက်ရီနေပင်မဲ့ Sam ကတော့
မရီနိုင်ပဲ ဆောင့်အောင်ပြီး ကားပေါ်တက်သွားတယ်။ကားပေါ်ရောက်တော့ ဇေယု မှာ ခါးပတ် ပတ်ပေးရတယ်။
”အားးးရှက်လိုက်တာ”
ကားထဲရောက်မှ ထအော်တဲ့ Sam ကြောင့်
ဇေယု မှာတုန်တောင် တုန်သွားတယ်။”ဘာဖြစ်တာလဲ ငယ်ရယ် ”
”Noel ရှေ့မှာ ငါတို့ ဘယ်လို ပုံစံ ဖြစ်သွားလဲ ”
ဇေယု တဟားဟားနဲ့ သာအော်ရီနေတော့တယ်။
ဇေယု ကားနဲ့ ထွက်လာတာ အိမ်တော်ကနေ
လှမ်းတစ်ဝက်ကိုတောင် ရောက်လာပြီ။”မောင်ဘယ်သွားမလို့လဲ ”
”ဘာရယ် မဟုတ်ပါဘူး ဒီအတိုင်းထွက်လာတာ ”
Sam လည်းခေါင်းငြိမ့်ပြီး ကားမှန်ကိုသာ
ကြည့်နေလိုက်တယ်။ကားမှန်ရဲ့ နောက်ကြည့်မှန်စီအကြည့်ရောက်တော့
နောက်မသိမသာ လိုက်လာတဲ့ ကား။”မောင် နောက် ကားက ဘာလို့လိုက်နေတာလဲ ”
Sam ပြောတဲ့ စကားကြောင့်
ဇေယု လှမ်းကြည့်လိုက်တယ်။
YOU ARE READING
Noel's Husband (Z & U)
Romance"ကို့ ကိုယ် မင်းရဲ့ Husband Anna လေးရဲ့ Daddy အဖြစ်အသိအမှတ် ပြုပေးနိုင်မလား " မင်းဆက်ခ "ခင်ဗျား ပြန်ပေးမဆွဲမှာ ကြိမ်းသေရင် ကျွန်တော်လက်ခံမယ် 😒 " Noel "ကို့ ကိုယ် မင်းရဲ့ Husband Anna...