Part -39

20.4K 1.7K 197
                                    

ဇေယု Laptop နဲ့ အလုပ်ရှုပ်နေတုန်း
Sam ဖုန်းထဲကို Massage တစ်စောင် ဝင်
လာခဲ့တယ်။

Sam ကအောက်ထပ်ဆင်းသွားတာပြန်မလာ
သေးဘူး.....။

အရေးကြီး Massange ဖြစ်နေမှာဆိုးလို့
ယူကြည့်လိုက်တော့ ပုံတစ်ချို့........ ။

Sam နဲ့ မိန်းမ တစ်ယောက် ပွေ့ဖက်နမ်း
ရှိုက်နေတဲ့ ပုံတွေ.......။

"ဒို့ စောင့်နေမယ်လာခဲ့နော် "

ဆိုတဲ့ စာနဲ့အတူ ပို့လိုက်တဲ့ ပုံတွေကြောင့်
ဇေယု ခေါင်းမူးသွားရတယ်။

ဘာတွေမှန်းမသိဘူး......။

အဲ့အချိန် အခန်းထဲ ကို ဝင်လာတဲ့ Sam......။

မသိချင်ယောင်ဆောင်ကာ ဖုန်းကို ချပြီး

"ငယ် တခုခု ပြောစရာရှိလား "

မေးလာတဲ့ ဇေယု ကြောင့် Sam ခြေဖျားလက်ဖျား
တွေ အေးစက်သွားတယ်။
ဇေယု သိလိုက်တာ က Sam သူ့ကို လိမ်တော့မယ်
ဆိုတာ ပဲ.......။

"မရှိ....မရှိပါဘူး မောင်ရဲ့ "

ဇေယု အလိမ်အညာတွေ ထပ်မကြားချင်တာကြောင့်
ထွက်လာလိုက်တယ်။ မူးနေတဲ့ ခေါင်း သက်သာ
ဖို့ Sam မကြိုက်တဲ့ ဆေးလိပ်ကို မီးငြိလိုက်
ပြီး ကားနဲ့ ခြေဦးတည့်ရာ ထွက်လာလိုက်တယ်။

Sam ကတော့ သူ့ကို ဘာမှ မပြောပဲ ထွက်သွား
တဲ့ ဇေယု ကြောင့် နားမလည်နိုင်....။

Sam သူ့ဖုန်းကို ယူကြည့်လိုက်တော့ ဝင်ထားတဲ့
Massage....... ။

Anna လေးရဲ့ အမေ သူနဲ့တချိန်တုန်းက
ပတ်သတ်ခဲ့ဖူးတဲ့ မိန်းကလေး...... ။

အဲ့တာကိုဇေယု အထင်လွှဲသွားတာ
ဖြစ်မယ်လို့ ပါတခါတည်းတွေးမိတယ်။

"မောင့် စီ ဖုန်းဆက်ရမယ် ဟုတ်တယ် "

Sam ပြောပြီး ဖုန်းဆက်ပင်မဲ့ ဖုန်းမကိုင်......။

Sam ကားသော့ကောက်ဆွဲ ကာ
ထွက်လာလိုက်တယ်။

မောင်ရှိမဲ့ နေရာလို့ တွေးမိသမျှ အကုန်သွား
ပင်မဲ့ မတွေ့ဘူး။

"ဒီစောက်ကလေး ဘယ်ရောက်သွားလဲမသိဘူး "

Sam ဒေါသလည်း ထွက်သလို သူ့ကို
အထင်လွဲမှာလည်း စိတ်ပူနေရတယ်။

Noel's Husband (Z & U)  Where stories live. Discover now