Part -47

19.3K 1.6K 110
                                    

မင်းဆက်ခက အလုပ်သွားတာကြောင့်
အိမ်မှာ Noel တစ်ယောက်တည်း ကလေးတွေ
ထိန်းနေရတယ်။

ကလေးတွေက လိမ်မာလို့တော်သေး.......။

ကြမ်းပြင်ပေါ် လေးဖက်ထောက် သွားတတ်နေ
ပြီ ဖြစ်တဲ့ ဟန်းလေး ကို ကြည့်ပြီး ကြည်နူး
နေရတယ်။

Noel ကလေးကို ကြည့်နေရင်း ဖုန်းလာတာ
ကြောင့် ကြည့်လိုက်တော့ King ဆိုပြီး
မှတ်ထားတဲ့ Contact အခြားသူမဟုတ်ဘူး
သူချစ်ရတဲ့ လူကြီး မင်းဆက်ခ .......။

”ဟယ်လို ”

”ဟယ်လို ကလေး သားတို့ ကို ခေါ်ပြီး
ပန်းလှိုင်ဆေးရုံကို လိုက်ခဲ့သိလား ဒီည
တရုတ်ပြည်ကို သွားရမှာမို့လို့ ကျန်းမာရေး
စစ်ဆေးမှုတွေလုပ်ရမယ် ”

”အော် ဟုတ်ကဲ့ ဟုတ်ကဲ့ အခုထွက်လာ
ခဲ့လိုက်မယ် ”

”အင်းချစ်တယ်ကလေး ”

”အတူတူပဲချစ်တယ် ”

ပြောပြီး Noel ဖုန်းချလိုက်တယ်။

”သားကြီး သားငယ် ”

ခေါ်လိုက်တော့ ရောက်လာတဲ့ ကလေးနှစ်ယောက်။

”သားတို့ အဝတ်အစားလဲ အုန်း
ဖေဖေက ဆေးစစ်ဖို့ ထွက်လာခိုင်းတယ် ”

”မလဲတော့ပါဘူး ဖေဖေရယ်
သားတို့ ဒီအတိုင်းပဲ လိုက်တော့မယ် ”

”အဲ့တာဆိုလည်း သွားမယ်လေ
သားတို့ ကားပေါ်တက် ”

Noel ကလေးတွေကို ခေါ်ကာ
တပည့်တွေ နဲ့ အတူ ဆေးရုံကို လာလိုက်တယ်။

ဆေးရုံရောက်တော့ မင်းဆက်ခ တို့က
မရောက်သေးဘူး။

Noel လည်း ဝင်လာပြီး ဆေးရုံခုံမှာ
စောင့်နေလိုက်တယ်။

အဲ့အချိန် သူ့ဘေးမှာ လာထိုင်တဲ့
အမျိုးသမီး တစ်ယောက်........ ။

Noel တို့ကို ကြည့်ကာ နှာခေါင်းရှုံ့တာကြောင့်
Noel မျက်မှောင်ကုတ်သွားတယ်။

သူတို့ကလည်း ညအိပ်ဝတ်စုံတွေနဲ့ ထွက်လာမိတာကို
ခဏနေတော့ ထသွား တဲ့ မိန်းမ သူ့အိတ်ထဲက
ပိုက်ဆံအိတ်အသေးလေး ကျ ကျန်နေခဲ့တယ်။

Noel အဲ့ ပိုက်ဆံအိတ်ကို ကောက်ကိုင်ကာ
လိုက်ပေးမလို့ လုပ်တုန်း နောက်ပြန်လှည့်လာတဲ့
အမျိုးသမီး....... ။

Noel's Husband (Z & U)  Où les histoires vivent. Découvrez maintenant