Mo & Han (4)

16.5K 1.7K 261
                                    

Noel တို့ ကား ခြံထဲကို ဝင်လာတော့
မို လေ့ကျင့်ပေးနေတာရပ်လိုက်တယ်။

ပါးပါး ပုံစံက ငိုထားတဲ့ ပုံပေါက်တာကြောင့်
လန့်သွားတယ်။

သူတို့ ကားနောက်က အသည်းအသန်ဝင်လာတာက
ပါး Sam တို့ ကား........။

”ဘာဖြစ်လာတာလဲ ဖေဖေ ”

မေးလိုက်တော့ အိမ်ထဲ ကို ဝင်လာဖို့
ခေါ်တာကြောင့် လေ့ကျင့်နေတာ ရပ်ပြီး
အိမ်ထဲ ဝင်လာလိုက်တယ်။

”သား မို ဟန်းလေး ကို ဘယ်က မှန်းမသိတဲ့
လူတွေ ဆွဲခေါ်သွားတယ် ”

”ဗျာ ”

”မင်း လည်း အခုဆေးရုံမှာ ”

မို ထူပူသွားပင်မဲ့ စိတ်တည်ငြိမ်အောင်လုပ်လိုက်ရတယ်။

သူတို့ အကုန်လုံး ဘာလုပ်ရမှန်းမသိ
စဥ်းစားနေတဲ့ အချိန် ဧည့်ခန်းမှာ မြည်လာတဲ့ဖုန်း....။

မင်းဆက်ခ ထကာ ဖုန်းသွားကိုင်လိုက်တယ်။

”ဟယ်လို ”

”ဟယ်လို မင်းဆက်ခ ကျန်းမာနေပါရဲ့လား ”

ဒီအသံကို သူကြားဖူးနေသလို ရှိတာကြောင့်
မျက်မှောင် ကုတ်လိုက်တော့ Sam က
Speaker ဖွင့်ဖို့ ခြေဟန်လက်ဟန်
ပြလာတယ်။

Speaker ဖွင့်ပြီး........။

”မင်း ဘယ်သူလဲ ”

”မင်းတို့ ငါ့အသံမမှတ်မိတာတော့ စိတ်မကောင်း
ဘူး ငါ Jabe လေကွာ”

အကုန်လုံးလန့်သွားရတယ်။ သူတို့သိတာ
Noel လက်ချက်ကြောင့် Jabe သေသွားပြီ
ဆိုတာကိုပဲ.........။

”မင်း ဘယ်လို ဖြစ်တာလဲ ”

”ဟားဟား မလန့်ပါနဲ့ အမှန်ဆို Deniel
ကယ် တယ်လို့ပဲ ပြောရမလား သူက ငါ့ကို
မယုံလို့ GPS ကို ငါ့ရင်ဘတ်မှာ ကွဲ ပြီးထည့်ထား
ပေးတာ သူ့သား ပစ်လိုက်တော့ GPS က
ငါ့အသားကို ဖောက်ပြီး GPS ကိုပဲ
သွားထိတယ်လေ GPS က ပျက်ဆီးသွားတော့
နှလုံးခဏ ရပ်သွားတာကိုမင်းတို့သေပြီ
ထင်ထားခဲ့တာ ”

Jabe ပြောတော့ မှ မင်းဆက်ခ စဥ်းစားမိတယ်။
Deniel က သူတို့လက်အောက်ငယ်သားတွေ
အားလုံးကို ခြေရာခံစက်တွေ သွင်းထားတတ်တယ်။

Noel's Husband (Z & U)  Tempat cerita menjadi hidup. Temukan sekarang