ဟန်း တစ်ယောက် ကျောင်းပိတ်ရက် မို နဲ့
စခန်း ကို လိုက်ပြီး အဖွဲ့ကလူတွေကို
အနိုင်ကျင့်ဖို့ ကြံစည်နေတယ်။ချစ်စရာကောင်းတဲ့ ကလေးမို့လို့
အကုန်လုံးကလည်း ခွင့်လွှတ်ထားကြတယ်။”ကိုကို ဟန်းလေး မိုက်လား ”
သူ့ရှေ့မှာ တပတ်နှစ်ပတ်လှည့်ပြနေတဲ့
ဟန်းလေးကို ကြည့်ကာ မို တော်တော် မူးနောက်
နေပြီ။ဝတ်ထားတာ က ကလေးသာသာ
အဲ့ကို မိုက်လားမေးနေသေးတယ်။”မိုက်တယ် အမိုက်ဆုံးပဲ ”
ပြောလိုက်တော့ စောင်ကြီး ခေါင်းကနေ ခြုံကာ
ကားပေါ်ပြေးတက်သွားတယ်။မို မှာ သူ့ရဲ့ လွယ်အိတ်တွေ ရေဘူးတွေ
ကိုင်ပြီး ကားပေါ်ပြေးလိုက်ရရော......။”ခ အဖွဲ့အစည်းခေါင်းဆောင် တွေက အကုန်
ကလေးထိန်းရမှာလား မသိဘူး ”မို တိတ်တဆိတ် ရေ ရွတ်ကာ ကားပေါ်
သာတက်လာလိုက်တယ်။ကားပေါ်ရောက်တော့ အာလူးကြော်
ဖောက် စားနေတဲ့ ဟန်းလေး........။”ကိုကို ဝါးကျွေး ”
”အခုအသက်အရွယ်တောင် ရောက်နေပြီ
ကို့ ဟာကို စားတော့လေ ””စားပါဘူး ဟန်လေးက ကလေးလေးပဲ
ရှိသေးတာ ”လက်မောင်းမှာ မျက်နှာ ကပ်ပြီး
ချွဲနေတဲ့ ပေါက်စကြောင့် နောက်ဆုံး ကားမောင်း
ရင်း အာလူးကြော်ဝါးကာ ခွံရတော့တယ်။စခန်းနားရောက်ခါနီး ဖုန်းလာတာကြောင့်
ဖုန်းဖွင့်လိုက်တော့ ဖေဖေတို့........။”ဟယ်လို ဖေဖေ ”
”ဟယ်လို သားကြီး ဟိုမျောက် ရှိလား
ရှိရင် VD တချက်လောက် ဖွင့်လိုက်ပါအုန်း ””ဟုတ်ကဲ့ ဟုတ်ကဲ့ ”
မိုလည်း VD ဖွင့်ပြီး ဟန်လေး လက်ထဲ ထည့်
ပေးလိုက်တယ်။”ဟယ်လို ဖေကြီး ”
”ငယ်လေး ဒီမှာ ဖိနပ်က ဘာအရောင်ယူမှာလဲ ”
မင်းဆက်ခ VD call ကနေ တဆင့် သူ့သား
လိုချင်တဲ့ ဖိနပ်တွေ ချပြနေရတယ်။
YOU ARE READING
Noel's Husband (Z & U)
Romance"ကို့ ကိုယ် မင်းရဲ့ Husband Anna လေးရဲ့ Daddy အဖြစ်အသိအမှတ် ပြုပေးနိုင်မလား " မင်းဆက်ခ "ခင်ဗျား ပြန်ပေးမဆွဲမှာ ကြိမ်းသေရင် ကျွန်တော်လက်ခံမယ် 😒 " Noel "ကို့ ကိုယ် မင်းရဲ့ Husband Anna...