Mo & Han (16)

16K 1.7K 85
                                    

Kei တို့ အစည်းအဝေး လုပ်နေတစ်လျှောက်လုံး
မင်း မျက်နှာ တစ် ကမ္ဘာ ထင်ပြီး မင်းကို သာ
ထိုင်ကြည့်နေတယ်။

”Boss အဲ့လောက် မကြည့်နဲ့လေ ”

ရဲထက် လက်မောင်းကို ရိုက်ကာ အသိပေးတော့မှ
Kei သတိဝင်လာတော့တယ်။

ဒါပေမဲ့လည်း စကားနားမထောင် ကြည့်မြဲ
သာကြည့်နေတော့တယ်။

နောက်ဆုံးတော့ အစည်းအဝေး ပြီးသွားတဲ့ အထိ
Kei တလုံးမှ နားမလည်လိုက်........။

”Kei နားလည် ရဲ့လား မသိဘူး ”

မင်း မေးတော့ မဖြေပဲ မင်း ကို သာ ပြုံးဖြီးကြည့်
နေပြန်တယ်။ ရဲထက် သူ့ Boss ကို ဦးတချက်သာ
ညွန့်ပြီး..........။

ခေါင်းကို ပိတ်ရိုက်လိုက်တော့တယ်။

”အားးး ရဲထက် ”

အဲ့ကျတော့ သတိဝင်လာပြီး ရဲထက်ကို အသာကုန်
အော်တော့တယ်။

”တောင်းပန်ပါတယ် Boss
Boss ဖွန်ကြောင် လွန်နေလို့ ပါ ”

Kei ရဲထက်ကို မကြည် ကြည့်သာ
ကြည့်ပြီး မင်း ဘက် ကို ပြန်လှည့်လိုက်တယ်။

”မင်း ကိုယ်တို့ တနေရာမှာ မုန့်သွားစား
ရအောင်လား ”

မင်းလည်း ခေါင်းငြိမ့်ကာ ခွင့်ပြုလိုက်တော့
မင်းလက်ကို ချက်ချင်းကောက်ဆွဲကာ အခန်းထဲကနေ
ထွက်လာတော့တယ်။

Company အပြင်ဘက်ကို ရောက်တော့
မင်း တော်တော်မောနေပြီ။

ဆွဲခေါ်လာတာ တရွတ်တိုက် သာသာပဲ။

”အ့ ”

Kei ဆွဲခေါ်နေတာကြောင့် မင်း လည်း ကို့ကိုယ်ကို
မထိန်းနိုင်ပဲ လူတစ်ယောက်ကို တိုက်မိကာ
အဲ့လူ ကိုင်လာတဲ့ Coffee ခွက်က အဲ့လူကိုပေါ်ကို
ဖိတ်ကြသွားတော့တယ်။

”မင်း လမ်းကို ဘယ်လိုလျှောက်တာလဲ ”

”တောင်းပန်ပါတယ် ”

မင်း တောင်းပန်တာကို မကျေနပ်ပဲ
မင်း ရဲ့ Coat ကို လှမ်းဆွဲတော့ တယ်။

အဲ့လုပ်ရပ်ကို မြင်လိုက်တဲ့ Kei ဒေါသထွက်
သွားတာကိုတော့ အဲ့လူမမြင်လိုက်ဘူး။

Noel's Husband (Z & U)  Where stories live. Discover now