မင်းဆက်ခ နွားနို့ခွက် ကိုင်ကာ ဧည့်ခန်းမှာ
ရုပ်ရှင်ကြည့်နေတဲ့ Noel စီယူလာပေးရတယ်။နွားနို့သောက်ချင်တယ်ဆိုတဲ့ ဗိုက်ပူကောင်
လုံးလုံးလေးကြောင့် ကိုယ်တိုင်ထလုပ်ပေးနေရတယ်။”ကလေး ဒီမှာ နွားနို့ ”
”ကျေးဇူးပါဗျာ ”
နွားနို့ခွက်ကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး
ခေါင်းလေး ငုံ့ကာတရိုတသေ ပြောနေတဲ့
အကောင်လေးကို အတော်အသည်းယားမိတယ်။သူက ရုပ်ရှင်ကြည့် ရုပ်ရှင်ကြည့်နေတဲ့ သူ့ကို
ကိုယ်က ထိုင်ကြည့်နဲ့ ဟုတ်နေတာပဲ။”ခေါင်းဆောင် ဖိတ်စာ တစ်စောင်ရောက်လာပါတယ် ”
ခြံထဲက တပည့်တစ်ယောက်
စာတစ်စောင်ကိုင်ကာ ရောက်လာတော့တယ်။”ဘာဖိတ်စာတုန်း ”
မင်းဆက်ခ တပည့်လက်ထဲက ယူကာ ဖွင့်
ဖတ်လိုက်တော့ သံရုံး ညစာ စားပွဲ ။”ဦးဆက် ဘာလဲ ”
”သံရုံးညစာစားပွဲ ပါတနာနဲ့အတူတက်ရမှာတဲ့
အချိန် က ဒီည ””ဘာဖြစ်တယ် ဒီညဟုတ်လား ”
”ဟုတ်တယ် ”
”ဝတ်စုံဝယ်ဖို့ ဘယ်လိုအချိန်ရတော့မလဲ တကယ်
ပါပဲ ”” ကလေး ဘာတွေလိုလဲပြော ကို မှာ
ထားပေးမယ် ””ချိန်ကြိုး အဝတ်မှာ တတ်တဲ့ ချိန်းကြိုး
စိန်အသေးလေးတွေနဲ့ လုပ်ထားတဲ့ ဟာ
အဲ့တာပဲ လိုတယ် ကျန်တာရှိတယ် ”မင်းဆက်ခ ဖိတ်စာကို ပိတ်ပြီး တပည့်ဘက်ကို
လှည့်ကာ.......။”မင်း ကြားတဲ့ အတိုင်းပဲ ချိန်းကြိုး ကို ငါတို့
ဆိုင်ကနေပဲ ယူလာခဲ့လိုက် ””ဟုတ်ကဲ့ ခေါင်းဆောင် ”
တပည့်ဖြစ်သူ ထွက်သွားတာနဲ့ Noel
လည်းထကာ အပေါ်တက်တော့တယ်။
မင်းဆက်ခ က အနောက်ကနေလိုက်ရင်းပေါ့။အပေါ်ရောက်တော့ Noel မင်းဆက်ခ ရဲ့
အဝတ်ဘီရို ကို ဆွဲဖွင့်လိုက်တယ်။
ပြီးတော့ အထဲက ကြက်သွေးရောင် Coat ကို
ဆွဲထုတ်လာတယ်။
YOU ARE READING
Noel's Husband (Z & U)
Romance"ကို့ ကိုယ် မင်းရဲ့ Husband Anna လေးရဲ့ Daddy အဖြစ်အသိအမှတ် ပြုပေးနိုင်မလား " မင်းဆက်ခ "ခင်ဗျား ပြန်ပေးမဆွဲမှာ ကြိမ်းသေရင် ကျွန်တော်လက်ခံမယ် 😒 " Noel "ကို့ ကိုယ် မင်းရဲ့ Husband Anna...