Part -23

22.8K 1.9K 76
                                    

ဇေယု ဗိုလ်ချုပ်စျေးရှေ့မှာ ကားကို ရပ်လိုက်တော့တယ်။

”ဒီနေရာက ဘယ်နေရာကြီးလဲ ”

ဘာမှနားမလည်တဲ့ Sam က တော့ ဇေယုကို
မေးနေပင်မဲ့ ဇေယုက
ပြန်မဖြေပဲ ကားကို ပါကင်ထိုးနေတော့တယ်။

နောက်တော့ ခါးပတ်တွေဘာတွေဖြုတ်ကာ
ကားပေါ်က ဆင်းတော့ Sam ပါလိုက်ဆင်း
ရတော့တယ်။

”ဘယ်သွားမလို့လဲ ငါမေးတာ မင်းက
မဖြေဘူး ”

”ပတ်ဝန်းကျင်စူးစမ်းမှုအားမနည်းနဲ့
ဟိုမှာ တွေ့လား Eng လို ဗိုလ်ချုပ်စျေး
လို့ရေးထားတာ ”

”ငါကမေးရုံပဲမေးတာ မင်းကအဲ့လောက်
မဖဲ့ပါနဲ့ ”

Sam ဇေယုကို အော်တော့ ဇေယု မထူးဆန်း
သလို ဗိုလ်ချုပ်စျေးထဲဝင်လာတော့တယ်။

ဗိုလ်ချုပ်စျေးမှာ နိုင်ငံခြား သားတွေလည်း
များတာကြောင့် Sam အတွက်က
သူ့နိုင်ငံက China Town ရောက်နေသလို......။

ဇေယု ဆိုင်တစ်ဆိုင်ရောက်တော့
ဝင်ထိုင်တော့ Sam လည်းဝင်ထိုင်ရတော့တယ်။

”ကော်ရည်ခေါက်ဆွဲစားမလား ”

”ကော်ရည်ဆိုတာ ဘယ်လိုလဲ ”

”ခေါက်ဆွဲနဲ့အသားတွေနဲ့ ဂျပန်အစားအစာ
လိုပဲ မင်းကြိုက်လိမ့်မယ် ”

ပြောပြီး ဇေယုက Sam အဖြေကိုတောင်
မစောင့်ပဲစာပွဲထိုးကို လှမ်းခေါ်လိုက်ကာ......

”ကော်ရည် ခေါက်ဆွဲနှစ်ပွဲ ပြီးတော့ တို့ဟူး
ကြော် ရယ် အခေါက်အသားကင် နှစ်ပွဲရယ်
လုပ်ပေးနော် ”

စားပွဲထိုးက မှာ တွေမှတ်ပြီး ပြန်ထွက်သွားတော့တယ်။

”အသက်ငယ်ငယ်လေးနဲ့
အလုပ်တွေလုပ်နေရတယ်နော် ”

၁၂ လောက်သာရှိအုန်းမဲ့ စားပွဲထိုးကို
ကြည့်ပြီး Sam စကားဆိုလာတယ်။

”ဒါက တော်သေးတာ CIA ယုတ်မာမှုကြောင့်
လူမသိသူမသိ သေသွားတဲ့ ကလေးတွေ
ရှိသေးတယ် ”

ဇေယုအပြောမှာ Sam မျက်စိမျက်နှာပျက်သွား
တော့တယ်။ သူကလေးတွေ ရောင်းစားဖို့
အမိန့်မပေးဖူးပင်မဲ့ အဲ့လိုလုပ်တဲ့ လူတွေကိုတော့
လျစ်လျူရှုခဲ့ဖူးတယ်လေ ။

Noel's Husband (Z & U)  Where stories live. Discover now