Mo & Han (14)

15.2K 1.6K 250
                                    

မို တစ်ယောက် စခန်းကနေ ပြန်တော့
ငယ်လေးရဲ့ ကျောင်းဆင်းချိန်တောင် ရောက်နေပြီ
မို့လို့ ကျောင်းကို သာ မောင်းလာလိုက်တော့
ကျောင်းရှေ့မှာ သူအလာကို စောင့်နေတဲ့
အကောင်ပေါက်..........။

ချေလိုက်တာကလည်း ဘယ်သူ့ကို မှမကြည့်ပဲ
ဖုန်းကို သာ အာရုံစိုက်နေတယ်။

ကားပေါ်ကဆင်းမလို့လုပ်တဲ့ အချိန်
ငယ်လေးဘေးကို ရောက်လာတဲ့ ကောင်လေး
တစ်ယောက်........။

ဟန်း ဖုန်းသုံးနေရင်း သူ့အနားကို လူတစ်ယောက်
ရောက်လာတာကြောင့် မော့ကြည့်လိုက်တော့
သူတို့ရဲ့ စီနီယာ.......။

”ဟန်း မပြန်သေးဘူးလား ”

”ပြန်မှာ ”

တချက်သာကြည့်ပြီး အဖြေပေးကာ
ဖုန်းကို ပဲ ပြန်စိုက်ကြည့်နေပြန်တယ်။

”ဟိုလေ ဒီမှာ စာလေး ယူသွားပါလား ”

လက်ထဲထိုးထည့်ပေးနေတဲ့ စာကို
ဟန်းတစ်ယောက် လက်ညိုးနှစ်ချောင်းနဲ့
ညုပ်ကာ ယူပြီး ကြည့်လိုက်တယ်။

”ရည်းစားစာလား ”

”အင်ဟုတ်တယ် ဖတ်ပေးပါနော် ”

”အိုကေလေ ”

ဟန်းလေး ပြောပြီး ကြည့်လိုက်တော့
ကိုကို ကားတောင်ရောက်နေပြီ။

ဆင်းမလာတဲ့ မို ကို ဟန်းလေး မကျေမနပ်ဖြစ်
သွားတာတော့ အမှန်.......။

ဟန်းတစ်ယောက် ကားပေါ်ပြေးတက်ကာ
ကားပေါ်ရောက်တာနဲ့ နှုတ်ခမ်းက တတောင်လောက်
ဆူနေပြီ။

”ဘာဖြစ်တာလဲ ဟန်းလေး ”

မို မေးလိုက်တော့ လက်ပိုက်နှုတ်ခမ်းဆူကာ
မို ကို လှမ်းကြည့်ပြီး.......။

”ဒီမှာလေ ရည်းစားစာအပေးခံလိုက်ရတယ်
အဲ့တာကို ဘာမှ မလုပ်ပဲနဲ့ ဒီအတိုင်းကြည့်နေလိုက် ”

”ဘာ! ”

မို အော်သံကြောင့် ဟန်းလေး လန့်တောင် လန့်သွားတယ်။

”ဘာထ ဖြစ်တာလဲ ကိုကို ရယ် ”

”အဲ့သူတောင်းစား ကို သတ်မယ်
ငါက ဒီအတိုင်း ကျောင်းစာရွက်ပေးတယ်
ထင်နေတာ အဲ့သူတောင်းစား ပညာသင်ရမဲ့
အရွယ်မှာ ယွထနေတယ် ဟန်းလေးသူ့အိမ်လိပ်စာ
ကိုကို့ ကိုပြော အခုသွားမီးရှို့မယ် ”

Noel's Husband (Z & U)  Where stories live. Discover now