Noel ကိုယ်တိုင် မီးဖိုချောင်ဝင်ကာ
ဟင်းချက်နေရတော့သည်။ညနေ သမီးလေးကို ကြိုပြီးမှပဲ သူတို့သုံးယောက်
အတူတူအိမ်ပြန်လာမယ်လို့တွေးထားလိုက်တယ်ဟင်းချက်ပြီးတဲ့ အခါ ထမင်းချိုင့်တွေကို ကားပေါ်တင်
ကာ မင်းဆက်ခ စီသွားဖို့ ပြင်တော့သည်။"ထမင်းချိုင့်တွေလည်း ပါပြီဆိုတော့
ထမင်းစားပြီး အချိုရည်သောက်လို့ရအောင်
ငါ အချိုရည် ဝင်ဝယ်ရမယ် "Noel တစ်ယောက် City mart တခုကို
ဦးတည်လိုက်တော့တယ်City Mart မှာ အချိုရည်ပုလင်းဝယ်နေရင်း အပြင်ဘက်ကို မျက်စိရောက်သွားတော့
Necktie တခုကို တွေ့လိုက်ရတယ်Necktie ကို မြင်တာနဲ့ တပြိုင်တည်းဟိုလူကြီးကို
ပါမြင်လာတယ်သူ့ ကို လက်ဆောင်ပေးချင်တာကြောင့်
Necktie ရောင်းတဲ့ဆိုင်ထဲ ဝင်လိုက်ပြီး
မင်းဆက်ခနဲ့ လိုက်ဖက်မယ်ထင်တဲ့ Necktie
လေးကို ဝယ်ယူလိုက်တော့တယ်ဒီလိုနဲ့ Company ကို ဆက်ထွက်လာလိုက်သည်။
Company ရောက်တော့ မင်းဆက်ခ ရဲ့
တပည့်ဖြစ်သူ ဇေယုက သူ့ကိုထွက်ကြိုနေတယ်"ဆရာ အပေါ်မှာ စောင့်နေပါတယ် "
အဖြေလည်း ပြန်မစောင့် ရုပ်တည်ကြီးနဲ့ ပြောသွားတဲ့
ဇေယုကြောင့် အနည်းငယ်တောင်
လန့်မိတယ်ခဏနေတော့ Noel မင်းဆက်ခ ရုံးခန်းထဲကို
ရောက်သွားသည်။Noel ဝင်လာတာကို မြင်တဲ့ မင်းဆက်ခက
"Noel ရောက်ပြီလား "
"အွန်.....ဒီမှာ ခင်ဗျား အတွက် "
လက်ထဲကထမင်းချိုင့်လေးကို မြှောက်ပြကာ
ပြောတော့ကျွန်တော် ပြုံးမိပြန်ရော....."ကိုယ်တို့ စခန်းကို ခဏသွားရမယ်
Noel လိုက်မယ်မလား ပြီးမှ Anna ကိုသွားကြို
ကြမယ်လေ ""အိုကေ လေ ရတာပဲ အဲ့တာဆိုရင် ထမင်းကဟိုရောက်
မှစားမှာလား ""အင်း ဟိုရောက်မှပဲ စားတော့မယ် "
ကျွန်တော် တို့ စကားပြောနေတဲ့အချိန်
ဇေယု ဝင်လာပြီး
YOU ARE READING
Noel's Husband (Z & U)
Romance"ကို့ ကိုယ် မင်းရဲ့ Husband Anna လေးရဲ့ Daddy အဖြစ်အသိအမှတ် ပြုပေးနိုင်မလား " မင်းဆက်ခ "ခင်ဗျား ပြန်ပေးမဆွဲမှာ ကြိမ်းသေရင် ကျွန်တော်လက်ခံမယ် 😒 " Noel "ကို့ ကိုယ် မင်းရဲ့ Husband Anna...