ဟန်းလေး ဧည့်ခန်းမှာ ငုတ်တုပ်ထိုင်ပြီး ကျောင်းပိတ်ရက် တွေကို ဘယ်လို ဖြုန်းရမလဲ
စဥ်းစားနေမိတယ်။အကိုတွေကလည်း Club သွားပြီး ကတည်းက
အပြင်သွားခွင့် ပိတ်ထားတော့ အိမ်မှာ
ပျင်းလွန်းလို့ သေတော့မယ်။အဲ့အချိန် ခြံထဲကို ဝင်လာတဲ့ ကားတန်းကြီး
ဘယ်က ဧည့်သည်တွေ မှန်းမသိဘူး။ကားရပ်လိုက်တော့ ကားပေါ်က ဆင်းလာတဲ့
လူတစ်ယောက်........ ။Kei အလုပ်မရှိ အားယားနေတော့
လင်ကို ပိုးဖို့ သူ့အိမ်ကို လုံခြုံရေးအပြည့်နဲ့
ရောက်ချလာတယ်။”ဒီမှာ ဘယ်သူနဲ့တွေ့ချင်လို့လဲ မသိဘူး ”
သူ့ရှေ့ကို ရောက်လာတဲ့ ကောင်လေးတစ်ယောက်
ကာတွန်းဝမ်းဆက်သာ ဝတ်ထားတာ မျက်နှာက
ချေမိုးနေတာပဲ.......။ဒါပေမဲ့ ဒီအိမ်ရဲ့ အသည်းကျော် ဟန်းလေးပဲ
ဖြစ်မယ်ဆိုတာ ခန့်မှန်းမိလိုက်တယ်။”မင်း နဲ့ တွေ့ချင်လို့ပါ ”
Kei ပြုံးပြီး ပြောလိုက်ပင်မဲ့ တဖက်
ကောင်လေးက မျက်မှောင်ကုတ်သွားကာ.....။”ကျွန်တော် နဲ့ ဘာလို့ တွေ့ချင်တာလဲ ”
ဒီတခါကြောင်အသွားတာကတော့ Kei.......။
”မဟုတ်ဘူးလေ မင်း နဲ့တွေ့ချင်တာပါ ”
”အော် အင်းလေ ဘာလို့ တွေ့ချင်တာလဲ လို့
မေးနေတယ်လေ ”တိုင်ပတ်နေတဲ့ နှစ်ယောက်ကြောင့်
ရဲထက် ဝင်ပါမှရတော့မယ် ။”ကလေးရဲ့ အကို မင်း ကို ပြောတာပါ ”
အဲ့ကျတော့မှ ဟန်းလေး သဘောပေါက်သွားသလို
ခေါင်းတငြိမ့်ငြိမ့် နဲ့....... ။”အဲ့တာဆိုလည်း ဧည့်ခန်းမှာ ထိုင်လေ သွားခေါ်ပေးမယ် ”
ပြောပြီး ဟန်းလေး အပေါ်ထပ်ကို တက်လာကာ
သူ့အကိုတွေကို ခေါ်ဖို့လုပ်တော့တယ်။Kei ထိုင်စောင့်နေရင်း ခဏနေတော့
အကိုနှစ်ယောက်လက်ကို ဆွဲလာတယ်။”Kei လာလည်တာလား ”
မင်း မေးတော့ Kei ပြုံးပြလိုက်တယ်။
ပြီးတော့ မင်းအနားလျှောက်သွားပြီး........။
YOU ARE READING
Noel's Husband (Z & U)
Romance"ကို့ ကိုယ် မင်းရဲ့ Husband Anna လေးရဲ့ Daddy အဖြစ်အသိအမှတ် ပြုပေးနိုင်မလား " မင်းဆက်ခ "ခင်ဗျား ပြန်ပေးမဆွဲမှာ ကြိမ်းသေရင် ကျွန်တော်လက်ခံမယ် 😒 " Noel "ကို့ ကိုယ် မင်းရဲ့ Husband Anna...