Part -27

21.4K 1.9K 129
                                    

မင်းဆက်ခ တညလုံး မအိပ်ပဲ CCTV ကို
စစ်ဆေးနေပင်မဲ့ ကားတန်းကြီးကို မတွေ့ရဘူး ။

Sam လည်း မအိပ်ပဲ ဇေယု ကို ကြည့်လိုက်
Bank တွေက Card နံပါတ်တွေကို
စစ်လိုက်နဲ့ အလုပ်ရှုပ်နေတော့တယ်။

ဇေယု ရဲ့ ဒဏ်ရာက သိပ်မပြင်းထန်ပင်မဲ့
အရင်ကဒဏ်ရာလည်း ရှိသေးတော့
သတိမရသေးဘူး။

”ဟူးးးးးးး ငါတော့ ရူးတော့မှာပဲ Sam ရယ် ”

မင်းဆက်ခ သက်ပြင်းချကာ ပြောတော့
Sam လည်း ခေါင်းငြိမ့်ပြပြီး.........

”ငါ လည်း ဒီမှာ စစ်နေတာ အခုထိ မတွေ့သေးဘူး
အဲ့ Deniel ဘာလို့ သူ့ကဒ် ကို ထုတ်မသုံးတာလဲ ”

Sam စကားကြောင့် မင်းဆက်ခ
ထူးဆန်းတာ တခု စဥ်းစားမိသွားတယ်။

”Sam ငါတို့သာ Deniel နေရာမှာဆို ခြေရာခံလို့
ရတဲ့ Card ကို သုံးပါ့မလား ငွေသားပဲ သုံးမှာလေ
ဗဟို ဘဏ်မှာ ငွေလှဲ ခဲ့မှာ ကြိမ်းသေတယ် ”

မင်းဆက်ခ အဆုံး Sam သဘောပေါက်သွားတယ်။

CIA(Central Intelligence Agency)
မြန်မာလို့ ဘာသာ ပြန်ရင် ဗဟို ထောက်လှမ်းရေး
အေဂျင်စီ အဲ့လိုထောက်လှမ်းရေးတော်တဲ့
အဖွဲ့အစည်းတခု က သူများထောက်လှမ်းလို့
ရနိုင်မဲ့ အရာတွေကို မလုပ်မိအောင်
သတိထားမိမှာ အသေအချာ.......။

”ဆက်ခ ငါတွေ့ပြီ Airport Immigration (လေဆိပ်လူဝင်မှုကြီးကြပ်ရေး) ကနေ ရတာ
Deniel သူ ဝင်လာတဲ့ နေ့ပဲ ဗဟို ဘဏ်မှာ
ပိုက်ဆံလာ လဲ သွားတယ် ”

သူတို့ထင်တဲ့ အတိုင်းပဲ Deniel က
ဦးနှောက်ပြေးတယ်။
မင်းဆက်ခ Deniel အကြောင်း စဥ်းစား
ရင်းနဲ့မှ တခုကို ထက်စဥ်းစားမိတယ်။

”သူတို့ ကားတန်းကြီးလိုက်သွားရင် ငါတို့ ဖမ်းမိမှာလို့
သူတို့ တွေးမိမှာပဲ အဲ့တော့ သူတို့ ငါတို့
အိမ်တော် ကနေ ထွက်တာနဲ့ လမ်းကြောင်းခွဲ
သွားလိမ့်မယ် Sam ငါ့ကို စစ်ဆေးပေး ”

မင်းဆက်ခ စကားအဆုံး Sam ရဲ့ လက်တွေက
Laptop ပေါ်ပြေးလွှာနေပြန်ရော......။

”ဆက်ခ မင်း တော်တယ်ဟေ့ ဒီမှာ ပုံစံတူ ကား
တွေ ညက တချိန် တည်း မတူတဲ့လမ်းကြောင်းတွေ
နဲ့ ခွဲ သွားပြီး တနေရာမှာပဲ သွားစုံ ကြတယ် ”

Noel's Husband (Z & U)  Hikayelerin yaşadığı yer. Şimdi keşfedin