Part -36

21.2K 1.9K 277
                                    

မို သတိရဖို့ စောင့်နေခဲ့တာ ဒီနေ့ဆို
လေးရက်မြှောက်နေ့......... ။

Noel နဲ့ မင်းဆက်ခ မို အခန်းထဲမှာ အိပ်ကာ
နေ့ညမပြတ် စောင့်နေရှာတယ်။

Noel ဒီနေ့လည်း မို ကို စောင့်ရင်း စာအုပ်
ဖတ်နေပြန်တယ်။

စာအုပ်ဖတ်နေရင်း အသံ တစ်သံကြားလိုက်
တာကြောင့် လှည့်ကြည့်လိုက်တော့
မျက်လုံးလေး ဖွင့်နေတဲ့ မို......။

"သားကြီး သတိရပြီလား ခဏနော် ပါးပါး
ဖေဖေ ကို ခေါ်လိုက်အုန်းမယ် "

Noel ခေါင်းရင်းမှာ ရှိတဲ့ စကားပြောစက်
ကို ယူကာ မင်းဆက်ခ ကို ခေါ်လိုက်တော့
မင်းဆက်ခ နဲ့ အတူတူ ဇေယု တို့ပါ ပါလာတယ်။

"သားကြီးနေရတာ အဆင်ပြေလား "

Noel အမေးကို ခေါင်းငြိမ့်ပြီး ဖြေလာတဲ့
မို......။

ဆေးရုံသုံးကုတင်တွေထားတာ ပေးတာကြောင့်
မို ထိုင်လို့ ရအောင် ကုတင်ကို
မြင့်ပေးလိုက်ရတယ်။

"သားကြီး ရယ် မသေကောင်းမပျောက်ကောင်း "

မင်းဆက်ခ စိုးရိမ်တကြီးပြောတော့
မို ပြုံးလိုက်ပြီး......။

"ပါးပါး နဲ့ မင်း သာ တခုခုဖြစ်ရင် သား အခု
နာတာထက် အစ တစ်ထောင်လောက်
နာကျင်ရမှာ "

"ပါးပါး နဲ့ မင်း ပဲ ဆိုတော့ ဗိုက် ထဲက
ကလေး ကို မပါဘူးလား "

Noel မေးတော့ ခပ်ဟဟရီပြီး Noel
ဗိုက်လေးကို လှမ်းကိုင်ကာ......။

"သူလေး ကတော့ အဓိက ပေါ့ တခါမှ
မမြင်ဖူး ရသေးတော့ မြင်ချင်နေပြီ "

"သားကြီး ကတော့ တကယ် ကောင်ပဲ
ထောက်လှမ်းရေးက ကောင်တွေပါ လက်ရည်
ချင်းယှဥ်လာရတယ်လို့ "

Sam ပြောတော့ မို ရဲ့ မျက်နှာ ချက်ချင်းတည်
သွားပြီး.......။

"ဖေဖေ ဖေလေး အဲ့ကောင်တွေကို ဖမ်းမိရင်
သား နဲ့ ပေးတွေ့ပါ သားကိုယ်တိုင် ရှင်းပါရစေ "

မင်းဆက်ခ ကော ဇေယု ကော မျက်လုံး ပြူး
မိတယ်။ အခုမှ ၁၄ နှစ် သာသာ ပဲ ရှိသေးတဲ့
ကလေး က လူသတ်မလို့ ပြင်နေတယ်တဲ့လား။

Noel's Husband (Z & U)  Where stories live. Discover now