Part -6

36.6K 3.1K 273
                                    

မင်းဆက်ခ Noel ကို သဘောကျတယ်

ချစ်လည်းချစ်မိပင်မဲ့ နက်နက်ရှိုင်းရှိုင်း
မချစ်မိသေး......။

Noel လည်း မင်းဆက်ခ ကို မချစ်သေး
ပင်မဲ့ အထင်ကြီးမိတယ်
မင်းဆက်ခ Noel ကို ကာကွယ်ချင်တယ်
ဒါကြောင့် လက်ထပ်ခြင်း ကိုရွေးလိုက်တာပေါ့

Noel ကလည်း မင်းဆက်ခ ရဲ့ အကျပ်ကိုင်မှုကြောင့်
လက်ထပ်ဖို့ခေါင်းငြိမ့်ရခြင်းသာ...။

Noel သူ့ခံစားချက်ကို သူသေချာမသိသေးဘူး

ဘယ်သူသိနိုင်မလဲ ခံစားချက်တွေမသေချာသေးပဲ
လက်ထပ်တဲ့ သူတို့
နှစ်ယောက် က တစ်ယောက်နဲ့
တစ်ယောက် သေလောက်အောင် ချစ်လာကြလိမ့်မယ်လို့........။

မနေ့က မင်းဆက်ခ အကြောင်းလည်း
သိလိုက်ရသလို သူအလုပ်တွေပါသိလိုက်ရတယ် ။

ဒီနေ့ ကျတော့ သူ က ဝတ်စုံနဲ့ လိုအပ်တဲ့လက်ဝတ်လက်စားတွေ ဝယ်ဖို့လာခေါ် မယ်လို့မှာထားခဲ့တယ် ဒီနေ့တော့ Anna လေးမပါ... ။

အဝတ်အစားလဲ ပြီး Noel စောင့်နေတဲ့အချိန်မှာပဲ ....။

”အဆင်သင့်ဖြစ်ရင် သွားကြမယ်လေ ”

ဆိုတဲ့စကားနဲ့အတူ သူရောက်လာတော့တယ်

”အွန်....သွားမယ်လေ ”

Noel နဲ့ မင်းဆက် ခ တို့နှစ်ယောက်
ထွက်လာလိုက်တော့တယ်။

လမ်းရောက်တော့ ကားမောင်းနေတဲ့ မင်းဆက်ခ
ရဲ့ တပည့်မှ...... ။

”ဆရာ ကျွန်တော် တို့ ကားနောက် ကို အဖြူရောင်
ကားတစီးလိုက်နေတယ် ”

တပည့်ဖြစ်သူရဲ့ အပြောကြောင့် မင်းဆက်ခ လှည့်ကြည့်လိုက်တော့ အဟုတ်ကို
သိသိသာသာလိုက်နေခြင်း.......။

”လူရှင်းတဲ့နေရာ ကို ဖြေးဖြေးချင်းဆွဲခေါ်သွားလိုက်
ပြီး ရင် အဖွဲ့ က လူတွေကို
အကြောင်း ကြားထားလိုက် ”

ဖြစ်ပျက်နေသမျှ ကို Noel နားမလည်.......။

လူရှင်းတဲ့နေရာ ကားကို ရပ်ကာ အခြေအနေကြည့်နေလိုက်တယ်

တဖက် ကားကလည်း သူတို့ကို အခြေအနေ အကဲခတ်နေပုံရတယ်။

မင်းဆက်ခ ကားပေါ်မှာ အမြဲဆောင်ထားလေ့ရှိတဲ့
သေနတ်ကို ခါးကြားမှာ ထိုးပြီး ကားပေါ်ကဆင်း
ဖို့လုပ်တော့တယ်။

Noel's Husband (Z & U)  Where stories live. Discover now