ဒီနေ့ အိမ်အတွက် စျေးဝယ်မယ်ဆိုပြီး
လူကြီးတွေ ထွက်သွားတာကြောင့် မို ရယ် မင်း ရယ်
နှစ်ယောက်တည်း မနက်စာထိုင်စားနေရတော့တယ်။ဟန်းလေး က တော့ အခုထိ မနိုးသေး......။
”ကိုကြီး ဘာလို့ နာမည်ကို မိုးခ လို့
ပြောလိုက်တာလဲ ””ငါ့ကို အသက်ငယ်မနေဘူးလား
လို့မေးတဲ့ သတင်းထောက်ကြောင့် ””အမ် ဘာဆိုင်လို့လဲ ”
”ငါစင်ပေါ်တက်တော့မယ် ဆိုတော့မှ
အရှေ့ကို တိုးလာတယ် ပြီးတော့ ဒေါက်ဖိနပ်လည်း
စီးထားပြီး ငါပြောတာတွေကို တခုမှ ဘောပင်
ကိုင်လိုက်မမှတ်ထားဘူး ”မို ပြောပြလိုက်ပင်မဲ့ မင်းက အခုထိ
နားမလည်သေးသလို ကြောင်တောင်တောင်နဲ့
ကြည့်နေပြန်တယ်။နားမလည်သေးတဲ့ သူ့ညီကို ကြည့်ကာ
မို သက်ပြင်းချလိုက်တယ်။”သူသာ သတင်းထောက်မှန်ရင် မင်း အလှည့်ကတည်းက စိတ်ဝင်စားနေရမယ် ပြီးတော့
မြန်မာနိုင်ငံက သတင်းထောက်တွေ ဒေါက်ဖိနပ်
ကို သိပ်မစီးဘူး အတင်းလုသတင်းယူရတဲ့ အခါ
ဒေါက်ဖိနပ်က အဆင်မပြေဖြစ်စေလို့ ငါ့အသက်ကို
ငါတောင်မပြောပဲ ငယ်တည်းဆိုတာ သိနေတယ်
နောက်ဆုံးတချက်က သူ့မှာ ဘောပင်လည်းမပါသလို
ငါပြောနေတာကိုလည်း မှတ်ထားတာ မပါဘူး ”မို သေချာ ရှင်းပြလိုက်တော့ မင်း သဘော
ပေါက်သွားတယ်။ မင်း အကဲမခတ်ခဲ့ပင်မဲ့
မို ကတော့ သေချာအကဲခတ်နိုင်ခဲ့တယ်။”အဲ့တာဆို သူက တခြား ကလား ”
”ဒါပေါ့ တခြားဂိုဏ်းကနေ ငါ့အကြောင်း
သိချင်လို့ နိုက်ခိုင်းလိုက်တာ ”မို ပြောပြီး Coffee ကို သာဆက်သောက်နေလိုက်တယ်။ အစစအရာရာ သတိထားတတ်အောင်
သင်ပေးခဲ့တဲ့ ဖေလေးဇေယု ကျေးဇူးတင်ရမယ် ။”ကိုကို ရေ ကိုကြီးရေ ”
ညီအကိုနှစ်ယောက် Coffee သောက်နေရင်း
အသံလေးကြားလိုက်တာကြောင့်
သိလိုက်ပြီ သူတို့ ရဲ့ ငယ်လေးနိုးပြီဆိုတာ...... ။လှေကားကနေ စောင်ကြီး ဆွဲ ပြီး ဆင်းလာတဲ့
ဟန်းလေး.......။ပြီးတော့ ခုံမှာ ထိုင်နေတဲ့ မို ပေါ်ကို အတင်း
ကုတ်ဖဲ့ တက်လာတာကြောင့် မို ကောက်
ချီလိုက်တော့ ရင်ခွင်ထဲ ခေါင်းမှီပြီး လက်မ ကိုက်ကာ
အိပ်ချင်မူးတူးလေးနဲ့........။
KAMU SEDANG MEMBACA
Noel's Husband (Z & U)
Romansa"ကို့ ကိုယ် မင်းရဲ့ Husband Anna လေးရဲ့ Daddy အဖြစ်အသိအမှတ် ပြုပေးနိုင်မလား " မင်းဆက်ခ "ခင်ဗျား ပြန်ပေးမဆွဲမှာ ကြိမ်းသေရင် ကျွန်တော်လက်ခံမယ် 😒 " Noel "ကို့ ကိုယ် မင်းရဲ့ Husband Anna...