ဒီနေ့က မင်းဆက်ခ တို့ ဆေးရုံဆင်းမဲ့နေ့ဆိုတော့
ဆေးရုံရှေ့မှာ ကားအနက် လေးစီးက
နေရာ ယူထား ပြန်တယ်။အထုတ်တွေ အကုန်လုံးကို တပည့်ဖြစ်သူတွေက
သယ်သွားတာကြောင့် Noel က ကလေးချီ
ပြီး မင်းဆက်ခ ကတော့ Noel ပခုံးလေးကို ဖက်ကာ
ဆေးရုံကနေ ထွက်လာခဲ့လိုက်တယ်။"ခေါင်းဆောင် သွားလို့ ရပါပြီ ”
တပည့်ဖြစ်သူ တွေ ပြောတော့ မင်းဆက်ခ
ခေါင်းငြိမ့်ပြလိုက်ကာ ကားပေါ်ကို
အရင်ဆုံး Noel ကို တက်စေလိုက်တယ် ။ပြီးတော့ မှ သူက တက်တယ်။
မီဒီယာသမားတချို့က အကွယ်ကနေ
မင်းဆက်ခ တို့ စုံတွဲကို မှတ်တမ်းတင်နေပြန်တယ်။မင်းဆက်ခ ကားပေါ်မှာ ရှိနေတဲ့ စကားပြော
စက်က အသံမြည်လာတာကြောင့် ဖွင့်
လိုက်တယ်။”အေပြော ”
”သခင်လေး မင်း အချုပ်ခန်းထဲ ရောက်နေ
တယ် ခေါင်းဆောင် ”တပည့်ဖြစ်သူ ပြောတဲ့ စကားကြောင့်
မင်းဆက်ခ ကော Noel ကော စိတ်ပူ
သွားရတယ်။Noel မင်းဆက်ခ လက်ထဲက စကားပြောစက်ကို
ဆွဲယူကာ.......။”အဲ့တာဆို အချုပ်ကျနေတဲ့ ရဲစခန်းကို မောင်း ”
”ဟုတ်ကဲ့ ဒုခေါင်းဆောင် ”
Noel အမိန့်အတိုင်း ကားတန်း ကြီး က
ရဲစခန်းစီကို ဦးတည်တော့တယ်။ရဲစခန်းရောက်တော့ သူ့တပည့်တွေက
အရင်ဆင်းလိုက်တယ် နောက်တော့
မင်းဆက်ခ နဲ့ Noel လည်း ဆင်းကာ
ရဲစခန်းထဲ ဝင်လာလိုက်တယ်။Noel ကတော့ ကလေး ပိုက်လျက်ပဲ။
ရဲစခန်းထဲ ဝင်သွားတော့ စခန်းမှူး ရှေ့မှာထိုင်နေတဲ့
မိန်းမကြီးတစ်ယောက် နဲ့ လူကြီးတစ်ယောက်.....။”အော် ဆရာမင်းဆက်ခ တို့ပါလား ဘာ ကိစ္စ
များရှိလို့လဲ ”” မင်း ဆိုတဲ့ ကောင်လေး ကိစ္စ နဲ့လာတာ”
မင်းဆက်ခ ပြောတော့ ထိုင်နေတဲ့ လူကြီးက
ထလာကာ......။”မင်း က ဟိုအရိုင်းအစိုင်းလေးနဲ့ ဘာတော်တာလဲ ”
ESTÁS LEYENDO
Noel's Husband (Z & U)
Romance"ကို့ ကိုယ် မင်းရဲ့ Husband Anna လေးရဲ့ Daddy အဖြစ်အသိအမှတ် ပြုပေးနိုင်မလား " မင်းဆက်ခ "ခင်ဗျား ပြန်ပေးမဆွဲမှာ ကြိမ်းသေရင် ကျွန်တော်လက်ခံမယ် 😒 " Noel "ကို့ ကိုယ် မင်းရဲ့ Husband Anna...