Part -5

38.5K 3.3K 98
                                    

သာယာတဲ့ မနက်ခင်းမှာ မသာယာနိုင်တာက တော့
Noel .....။

ဘုမသိဘမသိ လင်ရတော့မဲ့ သူ့အဖြစ်ကို တွေးပြီး
စိတ်က သိပ်မမှန်ချင်... ။

"အဘိုးရေ....အဘိုးရဲ့တစ်ဦးတည်းသော
မြေးလေး လင်ရတော့မယ်တဲ့ အဘိုးရဲ့ အဟီးးးးး "

ဆိုကာ ကုတင်ပေါ်မှာ ထိုင်ကာ ငိုတော့တယ်

Noel ငိုနေရင်း ဖုန်းသံကြား
တော့ ဖုန်းကို ယူကာ ကြည့်လိုက်တော့ဟို လူ
ဖုန်းနံပါတ်

"Hello "

"နိုးပြီလား "

"ဘယ်သူလဲ ”

မသိချင်ယောင်ဆောင်မေးလိုက်တော့

"မင်းရဲ့ အနာဂတ် ယောက်ကျား "

"သိတယ်
ခင်ဗျား မှန်း ပြောအခုဘာပြောမလို့လဲ "

"ဒီနေ့ ကိုနဲ့ပတ်သတ်တဲ့အကြောင်း
ပြောပြမယ် ပြီးတော့
ကို့ အိမ်ကို လိုက်ပြမယ် Anna လေးပါခေါ်ခဲ့လေ "

"ပြီးရော ဘယ်တော့ ထွက်လာရမှာလဲ "

"ဟင့်အင်းထွက်မလာနဲ့ ကိုလာခေါ်မယ် "

"ပြီးရော "

Noel ဖုန်းချကာ Anna လေးကို နိုးဖို့ပြင်တော့သည်။

သူ ဒီလူ့လက်က ထွက်ပြေးလို့မရတော့ဘူးလားလို့လဲ
တွေးမိပြန်တယ်

Anna အခန်းထဲကို ဝင်သွားတော့ Anna လေးက
အခန်းထဲမှာမရှိတော့ ပဲ အောက်ထပ်မှာ
မနက်စာဆင်းစားနေလောက်ပြီ

အဲ့တာကြောင့် သူလည်း သူ့အခန်းကို ပြန်ကာ
အဝတ်အစားလဲကာ မနက်စာ ဆင်းစား
ဖို့လုပ်လိုက်တော့တယ် 

"Morning Anna "

"Morning ဖေဖေ "

"သမီးလေး ပြီးရင် မနေ့က ဦးဦးလာခေါ်လိမ့်မယ်
သိလား "

"အပြင်သွားကြမလို့လား ဖေဖေ "

"ဟုတ်တယ် သမီးရဲ့ အဝတ်အစားသွားလဲထားအုန်း "

တက်ကြွနေတဲ့သမီးလေးက ကျန်တဲ့နွားနို့ကို မြန်မြန်
သောက်ကာ အိမ်ထိန်း ကို အတင်းဆွဲခေါ်တာ

"ဒေါ် ဒေါ် မြန်မြန် လာ Anna ကို အဝတ်လဲပေး "

ဆိုကာ လက်ကနေဆွဲ ပြီး အပေါ်ခေါ်သွားတော့တယ်

Noel's Husband (Z & U)  Where stories live. Discover now