Kei တစ်ယောက် ဒီနေ့ ဆေးရုံကဆင်းရတော့မယ်
ဆိုလို့ ပျော်ရွှင်ပြီး shirt ကို ကြယ်သီး
အပြည့်တောင် မတပ်နိုင်.......။”Boss ကြယ်သီးလေး အပြည့်တပ်လိုက်ပါလား ”
ရဲထက် ပြောတော့ ဆံပင်သပ်ကာ ရဲထက်ကို
လှည့်ကြည့်ပြီး......။”တက်တူးတွေ ပေါ်အောင် ဖော်ထားတာ
ဘာလို့ အတင်းလိုက်တပ်ခိုင်းနေတာလဲ ”Kei အော်တော့ ရဲထက်လည်း ဘာမှမပြောနိုင်....။
”ဒီနေ့ ဘယ်နှရက်လဲ ”
”10ရက်နေ့ပါ Boss ”
”ဘာ......အဲ့တာဆို ငါ့ကို Eva ဝယ်ပေး ”
Eva ဝယ်ခိုင်းနေတဲ့ သူတို့ရဲ့ Boss ဖြစ်သူကြောင့်
အကုန်လုံးကြောင် အသွားတော့တယ်။”Boss အဲ့တာဘယ်နားသုံးမလို့လဲ ဟင် ”
”ငါရာသီလာ.......အယ် ငါက အတံရှိနေပြီ ပဲ
ဘယ်လိုရာသီလာမလဲ ရပြီ မဝယ်နဲ့တော့ ”ပြောပြီး ရှေ့ကနေထွက်သွားတဲ့ Boss ဖြစ်သူ
ကို ဂိုဏ်းတခုလုံးက နားမလည်နိုင်....။”Boss Eva ကို ဘယ်နားသုံးမလို့လဲ ဟင် ”
စပ်စုနေတဲ့ ရဲထက်ကို Kei ကြည့်မရတော့ဘူး။
”မျက်ခွက်မှာ ကပ်ပြီး Skin Care မလို့ ”
”ဟမ် Boss Skin Care လို့ ရလို့လား ”
”ရတယ် မယုံရင်လုပ်ကြည့် ”
Kei ရွဲ့ပြောပြီး အပြင်ကို သာထွက်လာလိုက်တော့တယ်။
မြန်မာစကားကိုလည်း အေးဆေးပြောနိုင်ပြီး
တည်တည်ငြိမ်ငြိမ်မရှိပဲ စပ်စလူးထနေတော့
ရူးနေပြီလို့တောင် ထင်နေမိတယ်။”ငါ မင်း စီသွားလိုက်အုန်းမယ် ”
ပြောချင်တာပြောပြီး ပျောက်သွားပြန်တဲ့
Boss......။Kei တစ်ယောက် မင်း ရှိတဲ့ အခန်းထဲကို
တိတ်တဆိတ်ဝင်လာတော့ အိပ်နေတဲ့မင်း.......။”အေးနေတော့မှာပဲ ”
ပြောပြီး စောင်ခြုံပေးလိုက်တယ်။
”အော် Kei ရောက်နေတာလား ”
ဝင်လာတဲ့ Sam က မေးလာတာကြောင့်
ခေါင်းငြိမ့်ပြလိုက်တယ်။
YOU ARE READING
Noel's Husband (Z & U)
Romance"ကို့ ကိုယ် မင်းရဲ့ Husband Anna လေးရဲ့ Daddy အဖြစ်အသိအမှတ် ပြုပေးနိုင်မလား " မင်းဆက်ခ "ခင်ဗျား ပြန်ပေးမဆွဲမှာ ကြိမ်းသေရင် ကျွန်တော်လက်ခံမယ် 😒 " Noel "ကို့ ကိုယ် မင်းရဲ့ Husband Anna...