ရန်ကုန်လေယာဥ်ကွင်းကို လေယာဥ်ဆိုက်တာနဲ့
Noel လေယာဥ်ပေါ်က ဆင်းချင်လို့
တပိုင်းသေနေပြီ။လေယာဥ်တံခါးလည်း ဖွင့်ကော
ပြေးဆင်းသွားတာ လှည့်တောင် မကြည့်ဘူး ။အသွားတုန်းက အနေအေးတဲ့ Noel က
အခု ပုံစံပြောင်းသွားသလိုပဲ ။ဆံပင်အနီရောင်တောက်တောက်နဲ့
ကောင်လေးက နေရောင်အောက်မှာ တောက်ပ
လွန်းနေတယ် ။"Noel ရှေ့ ကနေ အရမ်းမလျှောက်နဲ့
အတူတူ လျှောက်မယ် "အဲ့ကျတော့ မှ သူ့ဆံပင်တွေကို သပ်ပြီး
အနားကိုပြန်ရောက်လာတယ်။"ဦးဆက် ကျွန်တော် သမီးလေးကိုလွမ်းလိုက်တာ "
Noel စကားကြောင့်
မင်းဆက်ခ Noel ကို ဖက်ပေးလိုက်တော့တယ်။ခေါင်းဆောင်ရဲ့ ဒီလိုပုံစံကို မမြင်ဖူးတဲ့
တပည့်တွေက တော့ တကယ့်ကို အကြောင်သား။"ကို့ အသက်လေး ဘယ်အိမ်မှာနေမလဲ
ကလေးနေချင်တဲ့အိမ်မှာ ကို လိုက်နေပေးမယ် ""ဦးဆက် အိမ်တော်မှာလိုက်နေမယ်
အိမ်မပြန်ချင်ဘူး အိမ်ပြန်ရင် သမီးလေးကို
လွမ်းရမှာ ""အင်းပါ အဲ့တာ ဆို ကို့လူတွေကို အထုတ်တွေ
ရွေ့ခိုင်းလိုက်မယ်နော် "မင်းဆက်ခ ပြောတော့ခေါင်းငြိမ့်ထောက်ခံနေတဲ့
Noel ရဲ့ နှာဖူးလေးကို နမ်းလိုက်တော့တယ်။လေယာဥ်ကွင်းဆိုတော့ လူတွေက အများကြီး
ကြည့်နေပင်မဲ့ ဂရုမစိုက်မိဘူး။Sam နဲ့ ဇေယု လည်း မင်းဆက်ခ တို့နောက်ကနေ
လျှောက်လာတော့တယ်။"ငါ့ကို စောင့်ပါအုန်း ငါ မြန်မာနိုင်ငံကိုမကျွမ်းဘူး "
လမ်းလျှောက်တာ တအားမြန်နေတဲ့
ဇေယု နောက် Sam အပြေးလိုက်ကာ
သူ့ကို စောင့်ဖို့ပြောနေရတော့တယ်။ဇေယုက လှည့်မကြည့်ပဲ ခြေလှမ်းကိုသာ
နှေးပေးလိုက်တယ်။လာကြိုတဲ့ ကားတွေပေါ် တက်ပြီး
မင်းဆက်ခ အိမ်တော်ကို ဦးတည်လိုက်တော့တယ်။
YOU ARE READING
Noel's Husband (Z & U)
Romance"ကို့ ကိုယ် မင်းရဲ့ Husband Anna လေးရဲ့ Daddy အဖြစ်အသိအမှတ် ပြုပေးနိုင်မလား " မင်းဆက်ခ "ခင်ဗျား ပြန်ပေးမဆွဲမှာ ကြိမ်းသေရင် ကျွန်တော်လက်ခံမယ် 😒 " Noel "ကို့ ကိုယ် မင်းရဲ့ Husband Anna...