ဒါဒါ တစ်ယောက် နားကြပ်တပ်ရင်း သူ့အဖေ
ဆေးရုံထဲကနေ ထွက်လာလိုက်တယ်။သီချင်းလေး နားထောင်ရင်း ကားလမ်းကူး
နေတဲ့ အချိန် နဲ့ မောင်းလာတဲ့ ကားတစ်စီးကို
တော့ မမြင်ခဲ့........။ဒုန်း!
ဆိုတဲ့ အသံအကျယ်ကြီးနဲ့ အတူ ဒါဒါရဲ့ ကိုယ်လေးက
လွင့်ထွက်သွားတော့တယ်။
သူ့လွယ်ထားတဲ့ အိတ်ထဲက Bl စာအုပ်အချို့နဲ့
Photo Card တွေ ပိုက်ဆံအိတ်တွေက
မြေပြင်ပေါ်မှာ ပြန့်ကျဲနေသလို.....။သူ့ရဲ့ ခေါင်းနဲ့ ကြမ်းပြင်နဲ့ ဆောင့်မိပြီး
သွေးတွေက လည်း အများအပြား.........။ဘေးမှာ ရှိတဲ့ လူတွေ က လည်း ဝိုင်းလာကြပြီး
ခဏအကြာမှာတော့ ဆေးရုံက လူတွေ ရောက်လာပြီး
ဒါဒါ ကို လှည်းတွန်းပေါ်တင်ကာ အရေးပေါ်
ခန်းစီးပြေး ကြတော့တယ်။”သမီးလေး ”
ဒါဒါ ရဲ့ အဖေဖြစ်သူ မှာလည်း သမီး ဖြစ်သူကို
တွေ့ကာ လန့်သွားပြန်တယ်။အရေးပေါ်ခန်းစီတွန်းလာရင်း သူတို့ရဲ့
မျက်နှာချင်းဆိုင်မှာ တွန်းလှဲ တစ်စီး........။ဒါဒါ လက်က ဟန်းချိန်းလေးနဲ့ အဲ့လူရဲ့ လက်နဲ့
ချိတ်မိကာ ဒါဒါ ရဲ့ ဟန်းချိန်းလေး က
အဲ့လူလက်မှာ ပါသွားတော့တယ်။”ဖေဖေ ”
”အင် သမီးလေး အားတင်းထားနော် ”
”အ့ သမီး ဟန်းချိန်း အ့ ”
စကားတော့ ဆုံးအောင်မပြောနိုင်တော့ပဲ
ဒါဒါတစ်ယောက် မျက်လုံးတွေ ပိတ်ကျသွားတော့တယ်။”သမီးလေး ”
ဆေးရုံအုပ်က ခေါ်နေပင်မဲ့ ဒါဒါတစ်ယောက်
ပြန်မထူးတော့........။မင်း တစ်ယောက် ဆေးရုံခန်းထဲမှာ နေနေတုန်း
ဒါဒါ ယူလာပေးတဲ့ ဖန်ခွက်လေး
ကျကွဲသွားတာကြောင့် စိတ်ထဲမှာမကောင်း......။”ဟို ကောင်မလေး တခုခုများ ဖြစ်နေလား
မသိဘူး ”မင်း တိတ်တဆိတ်ရေရွတ်ပြီး ဖတ်လက်စ
စာအုပ်ကိုသာ အာရုံစိုက်လိုက်တော့တယ်။
YOU ARE READING
Noel's Husband (Z & U)
Romance"ကို့ ကိုယ် မင်းရဲ့ Husband Anna လေးရဲ့ Daddy အဖြစ်အသိအမှတ် ပြုပေးနိုင်မလား " မင်းဆက်ခ "ခင်ဗျား ပြန်ပေးမဆွဲမှာ ကြိမ်းသေရင် ကျွန်တော်လက်ခံမယ် 😒 " Noel "ကို့ ကိုယ် မင်းရဲ့ Husband Anna...