Part -50

18.8K 1.7K 133
                                    

Sam လူတစ်စုရဲ့ ဆွဲခေါ်မှုကြောင့် ကား
တစ်စီးပေါ်ပါလာခဲ့ရတယ်။

ကားပေါ်ရောက်လိုက်တာနဲ့ ခေါင်းစွပ်အမည်း
ကြီးစွပ်လိုက်ပင်မဲ့ အသံတွေကြားနေရသေးတယ်။

ဟွန်းသံတွေ အကြော်အလှော် သံတွေ ကြောင့်
ကြိမ်းသေတာက သူစျေးတန်း တခုကိုရောက်
နေတယ်ဆိုတာပဲ။

ပြီးတော့ ကားက နေရာတခုမှာ ရပ်တန့်လိုက်တယ်။
Aircon အကြီးကြီးတွေရဲ့ စက်လည်တဲ့
အသံရယ် အကြွေစေ့ အသံတွေရယ် ကြား
နေရတာကြောင့် သူရောက်နေတာ
လောင်းကစားလုပ်တဲ့ နေရာတနေရာကို
ရောက်နေတယ်ဆိုတာအတိအကျသိလိုက်ရတယ်။

”မင်းက Sam မလား ”

Eng လို ပီပီသသမေးလာတဲ့
လူတစ်ယောက်ကြောင့် ခေါင်းငြိမ့်ပြလိုက်တော့
စွပ်ထားတဲ့ ခေါင်းစွပ်အမည်းကို ဆွဲချွတ်
လိုက်တယ်။

”ငါတို့ ဒီမှာ လုပ်နေတဲ့ ကိစ္စ ​ကို
မင်းတို့ ခ အဖွဲ့အစည်းက လာရှုပ်တယ် အဲ့အတွက်
မင်းတို့ကို ရှင်းပစ်ရမယ် ”

Eng လို သိပ်ပီပင်မဲ့ ဂျပန်သံဝဲချင်နေတဲ့
လူကြောင့် မျက်မှောင်ကုတ်လိုက်မိတယ်။

”မင်းက ဂျပန် ကလား ”

Sam မေးတော့ တဖက်လူက သဘောတကျ
ပြုံးပြီး

”မင်းက လူအကဲခတ်တော်သားပဲ
ငါ တို့ က ဒီမှာ 14K ရဲ့ မဟာမိတ်အဖြစ်
ရောက်နေခဲ့တာ ”

14K ထဲက သစ္စာဖောက် အချို့က
ဂျပန်ဂိုဏ်းစီ အကူအညီတောင်းကာ
ဂိုဏ်းခေါင်းဆောင် နေရာရဖို့
ကြံခဲ့တယ်ဆိုတာကို အတိအကျသိလိုက်ရတယ်။

”အဲ့တာနဲ့ ငါ့ကို ဖမ်းတာနဲ့ ဘာဆိုင်
လို့လဲ မအေဘေးရဲ့ ”

”မင်းကို ဖမ်းတာတော့ မဟုတ်ပင်မဲ့
မင်းပါလာတော့လည်း မဆိုးဘူးလေ မင်းက
မင်းဆက်ခ တပည့်ရဲ့ အားနည်းချက်လေးပဲကို ”

သူပြောလာတဲ့ စကားကြောင့် Sam ဇေယု
မျက်နှာလေးကို မြင်ယောင်လာတယ်။
သူပျောက်သွားတဲ့ အတွက်ဘယ်လောက်တောင်
စိုးရိမ်နေမလဲ ။

”သူ့ကို အခန်းထဲ မှာချုပ်ထားလိုက် ”

တွေးနေတုန်း အဲ့လူကြီးရဲ့ အမိန့်ကြောင့်
Sam ကို တရွက်တိုက်ဆွဲကာ
အခန်းတခုထဲ ထည့်ပိတ်လိုက်ကြတယ်။

Noel's Husband (Z & U)  Where stories live. Discover now