Mo & Han (5)

16.8K 1.6K 188
                                    

Noel အိပ်ရာထဲက နေ လုံးဝ မထတော့ပဲ
ငိုမြဲသာ ငိုနေတယ်။

မင်းဆက်ခ လည်း သားငယ် နဲ့ သားငယ်လေး
အတွက် စိတ်ပူပင်မဲ့ မထုတ်ပြ........။

”ကလေး ထ ထမင်းလေး နည်းနည်းစား
လိုက်ပါ ”

”ဟင့်အင်း မစားချင်ဘူး ”

ယူလာတဲ့ ထမင်း ဗန်းကို တွန်းလိုက်တယ်။

”ကလေး ထမင်းစားမှ ဖြစ်မယ်လေ သားတွေ
ကိစ္စ စိတ်ပူတယ် ဆိုပင်မဲ့လည်း အခုလို
မနေသင့်ဘူးလေ ထ ”

Noel ကို မင်းဆက်ခ အတင်းဆွဲထူလိုက်တော့
Noel မင်းဆက်ခ လက်ထဲက ဗန်းကို
တွန်းချပလိုက်တယ်။

”မစားချင်ပါဘူး ဆို တကယ်ပဲ ဘာဖြစ်နေတာလဲ ”

ထမင်းဗန်းက ကျကွဲသွားတော့တယ်။
Noel ပြီးတော့ တဖက်ကို ပြန်လှည့်ကာ
အိပ်နေတော့တယ်။

မင်းဆက်ခ ကတော့ ပန်းကန်အကွဲတွေကို
သာ သိမ်းကာ အောက်ထပ် ပြန်ဆင်းလာလိုက်တယ်။

”ဘာလဲ မစားပဲ သောင်းကျန်းလိုက်တာလား ”

Sam အမေးကို ခေါင်းငြိမ့်ပြလိုက်တယ်။

”သူပင်ပန်းနေတာ အချိန်နည်းနည်းပေးရမယ် ”

မင်းဆက်ခ ပြောပြီး ပန်းကန်အကွဲတွေ လွှတ်ပစ်ကာ
ညဘက်ကျရင် Jabe တို့စီ ဝင်စည်းဖို့ကို
စဥ်းစားနေလိုက်တယ်။

Noel ငိုနေရင်းနဲ့ ခုနက လုပ်ရက်ကို
ပြန်စဥ်းစားကာ မင်းဆက်ခ အပေါ်
အားနာလာရတယ်။

Noel အိပ်နေရာကနေ ထပြီး အောက်ထပ်
ဆင်းလာလိုက်တယ်။

အောက်ထပ်ရောက်တော့ အလုပ်ခန်းထဲမှာ
အလုပ်ရှုပ်နေတဲ့ သူ့ရဲ့ ချစ်ရသူ.......။

”ဦးဆက် ”

ခေါ်လိုက်တော့ လှည့်ကြည့်လာတယ်။

”အင်ကလေး လာလေ ”

Noel မင်းဆက်ခ ပေါင်ပေါ်တက်ထိုင်ကာ
ရင်ခွင်ထဲ ခေါင်းတိုးလိုက်တယ်။

”ခုနက ကိစ္စ တောင်းပန်တယ်နော်
ကလေး စိတ်တအား ရှုပ်နေလို့ ”

Noel တောင်းပန်တော့ မင်းဆက်ခ နဖူးလေးကို
နမ်းလိုက်တယ်။

”ကလေး စိတ်ရှုပ်နေတယ်ဆိုတာကို
သိပါတယ် တောင်းပန်စရာမလိုပါဘူး ကို့စိတ်ထဲ
ဘာမှမထားဘူး ”

Noel's Husband (Z & U)  Tempat cerita menjadi hidup. Temukan sekarang