Sam နဲ့ ဇေယု အဲ့မိန်းမ ချိန်းတဲ့နေရာကို
နှစ်ယောက်အတူတူထွက်လာလိုက်တယ်။Sam ကစိတ်လှုပ်ရှားနေသလောက်
ဇေယု က အေးဆေး........ ။"ငယ် လာသွားမယ် "
ဇေယု လက်ကို ဆွဲကာ Sam သူချိန်းတဲ့
ကွန်ဒိုကို တက်သွားလိုက်တယ်။သူချိန်းတဲ့ အခန်းနံပါတ်ရောက်တော့
Bell တီးလိုက်တယ်။တံခါးဖွင့်သံနဲ့ အတူ မိန်းမ တစ်ယောက်
ကုလားစင် မို့လို့ အတော်ချောပင်မဲ့
စိတ်ဓာတ်က အောက်တန်းကျလွန်းတယ်။"အော် ရောက်ပြီကို လာပါ အိမ်ထဲ ဝင် "
Sam နဲ့ ဇေယု အတူတူ ဝင်ပြီး
ပြသာနာတွေရှင်းဖို့လုပ်လိုက်တယ်။"မင်း က ဘာလို့ ဒီကို ရောက်လာတာလဲ "
Sam ပြောတော့ Sam နားကို လာထိုင်ကာ
Sam ရဲ့ ပခုံးပေါ်မေးတင်ပြီး လက်တွေက
လက်မောင်းကို ကိုင်ထားပြန်တယ်။Sam ချက်ချင်းရုန်းထွက်လိုက်ပြီး......။
"ငါ့ကို မထိနဲ့ "
မျက်နှာပျက်သွားတဲ့ အဲ့မိန်းမ ကမျက်နှာ
ပြန်ထိန်းပြီး......။"အိုကေ လေ မထိနဲ့ဆို မထိပါဘူး
ဘာလို့ ရောက်လာတာလည်း ဆိုတော့ ရှင့်နောက်ကို
လိုက်လာခဲ့တာ သမီးလေး သေသွားပြီဆိုတာလည်း
သိတယ် ဒီမှာ ဇာတ်မြှုပ်နေတယ်ဆိုတာလည်း
သိတယ် ""မင်းပါးစပ်က သမီးလေးဆိုတာကို မထွက်နဲ့ "
ဇေယု ကတော့ စကားဝိုင်းထဲ ဝင်မပါပဲ
အေးဆေးသာထိုင်နေတယ်။"မထွက်ဆိုလည်း မထွက်ပါနဲ့ အခုက ပိုက်ဆံ
နည်းနည်းလေးလိုလို့ ""မင်းဘယ်လောက်လိုတာလဲ "
"သိန်းလေးထောင်လောက် "
"အဲ့တာ ပြီးရင် ဘယ်တော့မှာ ငါ့ကို လာ
မဆက်သွယ်နဲ့ ငါလက်ထပ်တော့မှာ
သူက ငါချစ်သူ "Sam ပြောလိုက်တဲ့ စကားကြောင့် အဲ့မိန်းမ
ခဏငြိမ်သွားပင်မဲ့ ချက်ချင်းထရီလာတယ်။"ရှင်က အခုအခြောက်ဖြစ်သွားတာပေါ့
ရှင်က သမီးလေးကို လည်း ကိုယ်တိုင်
သတ်တယ် အခုလည်း လိင်တူချင်းတွဲနေပြန်ပြီ "
YOU ARE READING
Noel's Husband (Z & U)
Romance"ကို့ ကိုယ် မင်းရဲ့ Husband Anna လေးရဲ့ Daddy အဖြစ်အသိအမှတ် ပြုပေးနိုင်မလား " မင်းဆက်ခ "ခင်ဗျား ပြန်ပေးမဆွဲမှာ ကြိမ်းသေရင် ကျွန်တော်လက်ခံမယ် 😒 " Noel "ကို့ ကိုယ် မင်းရဲ့ Husband Anna...