Kei တစ်ယောက် သူ့အခန်းထဲ ခေါက်တုန့်
ခေါက်ပြန်လျှောက်ကာ လက်သည်းကိုက်
ရင်းစဥ်းစားနေမိတယ်။သူ့စီမှာ တကယ့် Kei အစစ်ရဲ့ မှတ်ဉာဏ်တွေ
ပါရလာမို့ ဂိုဏ်း ကိစ္စ ကို သူနားလည်လာတယ်။”Boss ဟို နိုင်ငံမှာ ကျွန်တော်တို့ မရှိတာနဲ့
လှုပ်ရှားနေကြပြီ ””အဲ့တာဆို ငါတို့ ပြန်ရမှာလား ”
”ပြန်ရမယ် Boss ကြာကြာဆက်နေရင်
ဂိုဏ်းကိုပါ ထိပါးလာလိမ့်မယ် ”ရဲထက် ပြောတဲ့ စကားကို Kei လမ်းလျှောက်ရင်း
သာနားထောင်နေလိုက်တယ်။Kei လမ်းလျှောက် စဥ်းစားနေရတဲ့ အချက်က
မင်း စီကို သွားသင့် မသွားသင့် စဥ်းစားနေတာ......။”ရဲထက် ငါတို့ မင်း စီသွားမယ်
ကားထုတ်ထားလိုက်တော့ ”Kei ပြောပြီး အပေါ် ထပ် Coat ကို ယူဝတ်ပြီး
ရှည်လျားတဲ့ ဆံပင်တွေကို ဖရိုဖရဲသာ
စုချည်ပြီး ကားစီ ဆင်းလာလိုက်တယ်။”ရဲထက် မင်းတို့နေခဲ့ ငါ့ဟာ ငါပဲ
သွားလိုက်မယ် ””Boss စိတ်ချရတဲ့ အခြေအနေ မဟုတ်လို့
ကျွန်တော်တို့ နောက်တစီးနဲ့
လိုက်ပါရစေ ”ရဲထက်ပြောတာလည်း မှန်နေတာကြောင့်
လက်ခံလိုက်တယ်။Kei တို့ ကားတန်းကြီး မင်းဆက်ခ
တို့နေအိမ်စီထွက်လာလိုက်တော့တယ်။ထွက်လာရင်း မင်းဆက်ခ တို့ အိမ်ရှေ့ရောက်
တော့ လုံခြုံရေးက တင်းတင်းကြပ်ကြပ်.......။လူတစ်ယောက်က ထွက်လာပြီး Kei ကားရှေ့
က ကားစီမှာ စစ်ဆေးမေးမြန်းနေပြန်တယ်။နောက်တော့ ဂိတ်ကို ဖွင့်ပေးပြီး Kei တို့ကို
အထဲ ဝင်ခွင့်ပြုတော့တယ်။တဖြည်းဖြည်း မောင်းလာရင်း အိမ်ရှေ့ ရောက်တော့
ထွက်ကြိုနေတဲ့ မင်း........။Kei လည်း ကားရပ်ပြီး ကားပေါ်က အမြန်ဆင်း
ကာ မင်း စီပြေးသွားလိုက်တယ်။”မင်း နေကောင်းသွားပြီလား ”
”အွန် ကောင်းသွားပြီ လာလေ အထဲ ဝင် ”
YOU ARE READING
Noel's Husband (Z & U)
Romance"ကို့ ကိုယ် မင်းရဲ့ Husband Anna လေးရဲ့ Daddy အဖြစ်အသိအမှတ် ပြုပေးနိုင်မလား " မင်းဆက်ခ "ခင်ဗျား ပြန်ပေးမဆွဲမှာ ကြိမ်းသေရင် ကျွန်တော်လက်ခံမယ် 😒 " Noel "ကို့ ကိုယ် မင်းရဲ့ Husband Anna...