Part -43

20.3K 1.6K 132
                                    

ဇေယု နဲ့ Sam နှစ်ယောက် စခန်းမှာ လေ့ကျင့်
ပေးစရာ အသစ်လေးတွေ ရှိတာကြောင့်
စခန်းကို လာဖို့ ပြင်လိုက်တယ်။

”မောင် City market တခုမှာ ခနလောက်
ရပ်ပေးအုန်း ”

”ဘာလုပ်မလို့လဲ ငယ် ”

”ဆေးဝယ်မလို့ ဖျားချင်သလို လို
ဖြစ်နေတာ ”

Sam ပြောတော့ ဇေယု လက်တွေက
Sam နဖူးတွေနဲ့ပါးတွေကို စမ်းလိုက်တယ်။

”နည်းနည်းနွေးနေတာပဲ ”

ဇေယု အနီးအနားမှာ ရှိတဲ့ Citymart တစ်ခု
မှာ ကားရပ်လိုက်တယ်။

”ငယ် ခေါက်ဆွဲ ပြုတ်လေးဘာလေး
စားလိုက်ပါလား ”

ဇေယု ခေါ်တော့ Sam လည်း အနွေးထည်
ဝတ်ကာ အတူတူဆင်းလာလိုက်တယ်။

ဇေယု Sam လက်ကို တွဲ ကာ
Citymart ထဲဝင်လာတော့
တချို့တွေ က အထူးအဆန်းလို ကြည့်ကြသေး.....။

ဆေးဆိုင်ဝင်ကာ ဆေးအနည်းငယ် ဝယ်လိုက်တယ်။
ပြီးတော့ ခေါက်ဆွဲဘူးတွေဝယ်ကာ
ရေးနွေးဖြည့်ပြီး ကားပေါ်ပြန်လာလိုက်တယ်။

Sam လက်ထဲ မှာလည်း မုန့်ထုတ်တွေက
မနည်းမနော......။

ဗမာ မုန့်တွေက အများဆုံးပါတယ်။

စခန်းရောက်တာနဲ့ ဂိတ်တံခါး ပွင့်အောင် တံခါး
မှာရှိတဲ့ စက်နဲ့ အဖွဲ့အစည်းက ကဒ်ကို Scan
ဖတ်လိုက်တယ်။

အထဲရောက်တော့ မြက်ခင်းပြင်မှာ
လေ့ကျင့်နေတဲ့ လူတွေ ဇေယု ကားပါကင်မှာ
ကားရပ်ပြီးတာနဲ့ သေနတ်ခါးကြားထိုးကာ
ထွက်လာလိုက်တယ်။

”မောင် ငါ မုန့်ထုတ်ခဏကိုင်ထား ”

ဇေယု လက်ထဲ ထည့်ပေးလာတဲ့ ice cream cake။

ဇေယု လည်း လမ်းလျှောက်ရင်း
မေ့ပြီး Cake ကို စားလိုက်မိတော့တယ်။

”မောင် ငါမုန့်ကော ”

အဲ့တော့ မှသတိရပြီး.......။

”မောင် စားလိုက်မိတာ ”

Sam အနည်းငယ် မကျေနပ်ဖြစ်သွားတယ်။
သူအကြိုက်ဆုံးမုန့်ကို မှယူ စားသွားတာမလား။

Sam ဘာမှမပြောပဲ မုန့်ထုတ်ကို ဇေယု လက်ထဲ
ထိုးထည့်ကာ အဆောက်အဦးထဲ
ဝင်သွားတော့တယ်။

Noel's Husband (Z & U)  Where stories live. Discover now