CIA ရုံးချုပ်မှာ ရှိတဲ့ အရာရှိ Sam ကတော့
မြန်မာနိုင်ငံ ပို့လိုက်တဲ့ ပုံတွေကို ကြည့်ပြီး
အကြီးအကျယ်စဥ်းစားခန်းဖွင့်နေတော့တယ်။Sam လွန်ခဲ့တဲ့ ငါးနှစ်လောက်က Club မှာ
အထက်အရာရှိတွေနဲ့ အစည်းအဝေးထိုင်ရင်း
Club က အဖော်အချွတ်မယ် နဲ့ မှားယွင်းကာ
အဲ့ အဖော်အချွတ်မယ် က ကိုယ်ဝန်ရသွားဖူးတယ်။အဲ့အချိန် Sam နဲ့ အရာရှိတချို့ပေါင်းကာ
မင်းဆက်ခ ညီမ ကို လုပ်ကြံ ပြီး မင်းဆက်ခကို
ရာထူးက ထုတ်ပယ် ကာ မင်းဆက်ခ နေရာ
ရာထူး ထက်တက်စရာရှိသေးတာကြောင့် အဖော်အချွတ်မယ် ကို သာသူလက်ထပ်ရင်
ရာထူးတိုးမည်ကို စွန့်လွှတ်ရမှာကြောက်တာကြောင့်
ကိုယ်ဝန်ကို ဖျက်ချခိုင်းလိုက်မိတယ်။ဒါပေမဲ့ ခေါင်းမာ ပြီး မဖျက်ချပဲ
ကလေးကို ရအောင် မွေးကာ စွန့်ပစ်ပြီး သူ့လို
မကောင်းတဲ့ မိန်းမ ဖြစ်အောင် လုပ်မယ်ဆိုပြီး
ကြိမ်းဝါးသွားခဲ့ပြန်တယ်။အဲ့မိန်းမက ပြောတဲ့အတိုင်း တကယ် ကလေးကို
မွေးပြီးစွန့်ပစ်ခဲ့ပင်မဲ့
Sam ကိုယ်ဝန်ဆောင်ကတည်းက လူလွှတ်ပြီး
စုံစမ်းထားခိုင်းခဲ့တာကြောင့် တကယ်လုပ်လိုက်တာ
ကိုသိလိုက်ရတယ်
ကလေးက သမီးလေးမွေးတယ်ဆိုတာ
သိရတော့ ပျော်သွားသေးတယ်။တောက်လျှောက်လိုက် ပြီး စုံစမ်းခိုင်းထားတော့ ကလေးက Noel ဆိုတဲ့ ၁၅ နှစ်အရွယ် ကောင်လေး
လက်ထဲပါသွားတယ်ဆိုပြီး သိလိုက်ရတယ် ။အဲ့လိုနဲ့ နှစ်နှစ်လောက်စောင့်ကြည့်နေတော့
ကောင်လေးက တကယ့်ကို သမီးလေးအပေါ်
ချစ်ပေးရှာတာကြောင့် စိတ်အေးလိုက်ရပြန်ရော....။ကောင်လေးက အသက်ငယ်ပင်မဲ့ အကြင်နာတရားရှိတာပဲ လို့ အတွေး ဝင်တဲ့ အချိန် Sam ကို့ကိုယ်ကို
ရှက်မိတယ် ။ကောင်လေးကို အမြဲတမ်း လိုက်ကြည့်နေတာကြောင့်
ကောင်လေးရဲ့ ချစ်စရာ ကောင်းတဲ့
အပြုအမှုလေးတွေကို သဘောကျမိတယ် ။ကောင်လေးက အဆင့်အတန်းမြင့်မျိုးရိုးထဲ က ဖြစ်
မယ်လို့လည်း ခန့်မှန်းမိပြန်ရော ......။
YOU ARE READING
Noel's Husband (Z & U)
Romance"ကို့ ကိုယ် မင်းရဲ့ Husband Anna လေးရဲ့ Daddy အဖြစ်အသိအမှတ် ပြုပေးနိုင်မလား " မင်းဆက်ခ "ခင်ဗျား ပြန်ပေးမဆွဲမှာ ကြိမ်းသေရင် ကျွန်တော်လက်ခံမယ် 😒 " Noel "ကို့ ကိုယ် မင်းရဲ့ Husband Anna...