Part -48

18.2K 1.7K 89
                                    

မင်းဆက်ခ တို့ သုံးနာရီလောက် လေယာဥ်
စီးလာတော့ ဟောင်ကောင်လေဆိပ်ကို
ရောက်လာတော့တယ်။

လေဆိပ်ရောက်တာနဲ့ အထုတ်တွေဆွဲကာ
ထွက်လာလိုက်တယ်။

အပြင်ရောက်တော့ စောင့်နေကြတဲ့
ခ အဖွဲ့ က လူတွေနဲ့ ရှောင်ဂိုဏ်းသားအချို့.......။

”Dàgē တို့ ရောက်ပြီပေါ့ Hongkong
ကနေကြိုဆိုပါတယ် ”

တရုတ်ပြည်မှာတော့ မင်းဆက်ခ ကို ခေါင်းဆောင်
လို့မခေါ် ကြပဲ Dàgē လို့သာခေါ်ကြတယ်။
အဓိပ္ပာယ် ကတော့ အကိုကြီး ဆိုတဲ့
သဘောပေါ့ ။

အနက်ဝတ်စုံနဲ့ လူတွေက မင်းဆက်ခ ကို
Dàgē လို့ခေါ်တာကြောင့် လေယာဥ်ကွင်း
ထဲက လူတွေ လည်း ကွက်ကြည့်ကွက်ကြည့်။

Dàgē ဆိုတာ ဂိုဏ်းခေါင်းဆောင်တွေ
အကောင်ကြီးတဲ့ ကောင်တွေ ကို မှခေါ်တဲ့
အသုံးနှုန်းဆိုတော့ မင်းဆက်ခ တို့ကို အနည်းငယ်
လန့်နေကြတော့တယ်။

”ရှောင် က အခု ဘယ်မှာလဲ ”

မင်းဆက်ခ မေးတော့ မြန်မာစကားတတ်တဲ့
ဂိုဏ်းသား တစ်ယောက်က
ရှေ့ထွက်လာကာ......။

”ဆရာ ရှောင်က အိမ်တော်မှာ ရှိပါတယ်
Dàgē တို့ကို တော့ ဟိုတယ်မှာနေတာ
ပိုလုံခြုံတယ်ဆိုတာ ကြောင့် အခု ဟိုတယ် ပို့ပေး
မှာပါ ”

”အဲ့တာဆိုလည်း ဟိုတယ်ကို အရင်မောင်း
တော့ ဒီမှာ ပင်ပန်းနေကြပြီ ”

မင်းဆက်ခ ပြောပြီး Noel လက်ကို ဆွဲကာ
လေဆိပ်ရှေ့မှာ ရပ်ထားတဲ့ ကားအနက်တွေ
စီဦးတည်လိုက်တယ်။

ဂိုဏ်းသားနဲ့ အဖွဲ့အစည်းက လူတွေကတော့
အနောက်ကနေ လိုက်လျက်ပဲပေါ့။

မင်းဆက်ခ တို့ တံခါးဖွင့်ပေးတဲ့ ကားပေါ်
တက်ထိုင်ကာ ဟိုတယ်ကို ထွက်လာလိုက်တယ်။

အဲ့အချိန် လေဆိပ်မှာ ရှိတဲ့ တစ်စုံတစ်ယောက်ကလည်း မင်းဆက်ခ တို့ ထွက်သွားတာနဲ့
ဖုန်းဆက်လိုက်တယ်။

”မင်းဆက်ခ တို့ ဟိုတယ်သွားပြီ ”

ဆိုကာ သတင်းပေးလိုက်တယ်။

သူသတင်းပေးလိုက်တာကို နောက်မှရောက်လာတဲ့
မေသခင် က ကြားဖြစ်အောင်ကြားလိုက်
သေးတယ်။

Noel's Husband (Z & U)  Where stories live. Discover now