Part -10

30.7K 2.8K 78
                                    

နာရီ 20 ကြာအောင် လေယာဥ်စီးပြီးတဲ့အခါမှာတော့
မင်းဆက်ခ တို့ ဒူဘိုင်း ကိုရောက်လာကြတော့တယ်

မင်းဆက်ခ ရဲ့ရောက်နှင့်နေပြီးသား တပည့်တွေက
လေဆိပ်မှာ ကားသုံးစီးနှင့်လာ ကြိုကြတော့ 
တခြားနိုင်ငံမှာဆိုရင် ဒီ အပြုအမှုက နည်းနည်း
ကြောင်တောင်တောင်နိုင်ပင်မဲ့
ဒူဘိုင်းမှာတော့ ဒါကမထူးဆန်းတော့ဘူး...။

Noel က တော့ အိပ်ချင်မူးတူးနဲ့ မင်းဆက်ခ
လက်ဆွဲရာနောက်ကိုလိုက်လာရတော့တယ်

ဇေယုက လုံးဝ Anna လေးရဲ့ အထိန်းတော်လိုပဲ။
ဇေယုကပဲ Anna လေးကို ခရီးစဥ်တလျှောက်လုံး
ထိန်းလာရတယ်

လာခေါ်တဲ့ ကားသုံးစီးမှာ အလယ်က တစ်စီး
မှာ မင်းဆက်ခ တို့တက်လိုက်လာခဲ့လိုက်တော့တယ်

ခဏကြာတော့ ကားသုံးစီးလုံး
The Plam hotel ကို ဦးတည် သွားတော့တယ်

”ဦးဆက် အခု ဘယ်သွားမှာလဲ ”

”ဟိုတယ်ကိုပေါ့ အသက်ရဲ့ ”

အဲ့ကျတော့ မှ နားလည်သွားသလို တဖက်လှည့်ကာ
ပြန်အိပ်နေပြန်တယ်.

သူဒီကောင်လေး ကိုချစ်မိတာ တနေ့တမျိုးမရိုးရ...။

တခါတလေ လူကြီး ဆန်သလို တခါတလေကျရင်
လည်း Anna လေးထက်တောင် ကလေးဆန်
သေးတယ်

ဇေယု ပေးတဲ့ ဖိုင်တွဲ ကို ကားပေါ်မှာ ထိုင်
စစ်နေလိုက်တယ်

”ဇေယု ဒူဘိုင်းရောက်တဲ့ တိုက်ပွဲ အဖွဲ့ ရဲ့
Profile တွေလိုချင်တယ် ညကျရင် ပို့ပေးထား ”

”ဟုတ်ကဲ့ နောက်ပြီးတော့ ကျွန်တော်တို့ မလာ
ခင် တစ်ရက်က ဒီ မြို့တွင်းထဲ မှာ ပစ်ခတ်မှု
ဖြစ်သွားတယ် ”

”ဘာဖြစ်တာလဲ ”

”မွတ်စလင်အစွန်းရော​က်အကြမ်းဖက်သမားတွေ
နဲ့ ဖြစ်တာလို့ ပြောပါတယ် ”

”မဖြစ်နိုင်ဘူး သူတို့ သက်သေ အဖြစ်ထားတဲ့
ကျည်ခွံတွေကို ကြည့်လိုက် အမှတ်အသား တံဆိပ်
ပါနေတယ် အကြမ်းဖက်သမားတွေက
ဘယ်တော့မှ ကျည်မှာ အမှတ်အသား
မထားဘူး ဂိုဏ်းတွေကပဲ အမှတ်အသားနဲ့
ကျည်တွေသုံးတာ ”

Noel's Husband (Z & U)  Tahanan ng mga kuwento. Tumuklas ngayon