Noel အခန်းထဲရောက်တော့ မင်းဆက်ခ
ဖုန်းလှမ်းဆက်လာတယ်။”ဟယ်လို ဦးဆက် ”
”ဟယ်လို ကလေး ကိုနဲ့ ဇေယု Ground ကို
လိုက်သွားရလိမ့်မယ် အဲ့တာ ကလေးတို့
ဟိုတယ်မှာ နေခဲ့နော် တစ်ယောက် မှ ဟိုတယ်ပြင်
မထွက်နဲ့သိလား ””ဟုတ်ကဲ့ ဟုတ်ကဲ့ ”
Noel ပြောပြီး ကလေးတွေကော Sam ကိုကောပါ
သူ့အခန်းထဲ ခေါ်ထားခဲ့လိုက်တယ်။”Sam ကလေး ခဏ ချီထား ”
Noel Sam လက်ထဲ ကလေး ထည့်ပေးပြီး
Luggage ထဲက သေနတ်တွေကို
ထုတ်ကာ ကြိုပြင်ဆင်ထားလိုက်တယ်။”အ့ ”
Noel အလုပ်ရှုပ်နေတုန်း အသံကြောင့်လှည့်ကြည့်
လိုက်တော့ မို သူ့ဗိုက် ကို ကိုင်ပြီး
ခွေကျချင်နေတာ........ ။”သားကြီး ဘာဖြစ်တာလဲ ”
”ဘာမှမဖြစ်ဘူး ပါးပါး ”
ဘာမှမဖြစ်ဘူးသာပြောနေတဲ့ မို ရဲ့ ကျောမှာ
ချွေးတွေထွက်နေတယ်။”ပါးပါး ကိုကြီး က အစာအိမ် ရှိတယ်
သူ လေ့ကျင့်နေလို့ မနေ့ည ကတည်းက
ထမင်း မစားထားဘူး အခု အစာအိမ်အောင့်တာ
ဖြစ်မယ် ”မင်း ပြောတော့ Noel လည်း မို ကို ကုတင်ပေါ်
တွဲ ခေါ်ကာ လှဲခိုင်းထားရတယ်။”မို ခဏလေး မုန့်သွားဝယ်ပေးမယ်နော် ”
အပြင်ထွက်ဖို့ ကြံနေတဲ့ Sam ကြောင့်
Noel လှမ်းတားရတော့တယ်။”မထွက်နဲ့ Sam အပြင်မှာ လုံခြုံမှာ မဟုတ်ဘူး
ဟိုတယ် ကပဲ တခုခု မှာလိုက်မယ် ””Noel အခုချိန်မှာ ဟိုတယ်က အစားအစာ
တွေက လုံးဝ စိတ်မချရဘူး ငါ မြန်မြန်
သွားပြီး မြန်မြန်ပြန်လာခဲ့မယ် ”Noel လည်း တားမရတာကြောင့် Sam ကို
လွှတ်ပေးလိုက်တယ်။Sam အပြင်ထွက်ပြီး တဖက် ကားလမ်း
က စတိုးဆိုင်ထဲ ဝင်ပြီး မုန့်ဝယ်နေတာကို
တွေ့လိုက်ရတယ်။ခဏကြာတော့ မုန့်ဝယ်ပြီး ပြန်ထွက်လာတဲ့ Sam
ဒီဘက် ကားလမ်းကို ပြန်ကူး မလို့လုပ်တဲ့
အချိန် အနက်ရောင် ကားတစ်စီးက အရှေ့ကနေ
ပိတ်ရပ်ပြီး Sam ကို ကားပေါ်ကနေ ဆွဲတင်
သွားတာ ကို ပြတက်းပေါက်မှန်ကနေ
မြင်လိုက်ရတယ်။
YOU ARE READING
Noel's Husband (Z & U)
Romance"ကို့ ကိုယ် မင်းရဲ့ Husband Anna လေးရဲ့ Daddy အဖြစ်အသိအမှတ် ပြုပေးနိုင်မလား " မင်းဆက်ခ "ခင်ဗျား ပြန်ပေးမဆွဲမှာ ကြိမ်းသေရင် ကျွန်တော်လက်ခံမယ် 😒 " Noel "ကို့ ကိုယ် မင်းရဲ့ Husband Anna...