အားလုံးပြီးသွားတော့ Sam နဲ့ ဇေယု အခန်းထဲမှာ
အနားယူကြတော့တယ်။”နောက်တခါ ကျွန်တော်မပါပဲ
ဘယ်မှမသွားပါ နဲ့ ””မင်းက ငါ့ကို ငြင်းလိုက်တော့ ငါက
စိတ်မကောင်းဖြစ်ပြီး လျှောက်သွားရင်း
တောထဲရောက်သွားတာ ””ကျွန်တော့် အနားမှာပဲနေစမ်းပါ ”
ဇေယု စကားကြောင့် Sam ပြုံးလိုက်မိတယ်။
”မင်းမအိပ်သေးဘူးလား ”
”အင် အိပ်တော့မှာ ခင်ဗျား အိပ်တာ
စောင့်ပေးမယ်လေ ””ငါ့ကို မစောင့်နဲ့ မင်းအိပ်မှ ငါ
အိပ်မယ် ရင်ခွင်ထဲလာ ငါမင်းကို သိပ်မယ် ”Sam စကားအဆုံးဇေယု ပြုံးကာ
ရင်ခွင်ထဲ တိုးဝင်သွားရော........။Sam ဇေယု ရဲ့ ကျောလေးကို ပွတ်ပေးတော့
Sam ရင်ခွင်ထဲ မှာ ဇေယု ငြိမ်ငြိမ်လေး......။အိပ်ပျော်သွားတဲ့ ဇေယု ရဲ့ နဖူးလေးကို Sam
နမ်းကာ.....။”ကောင်းကောင်းအိပ်တော့နော် လူကြီးယောင်
ဆောင်တတ်တဲ့ လူကြီးလေး ”ပြောပြီး Sam လည်း အိပ်လိုက်တော့တယ် ။
မင်းဆက်ခ Noel ကို ရင်ခွင်ထဲထည့်ကာ
ပြတင်းပေါက်က လကြီးကို ထိုင်ကြည့်နေမိတယ်။”ကို သာ တောသား တစ်ယောက်ဆိုရင်
မင်းလေး လက်တွဲမှာလား Noel ””ခင်ဗျား က ရာဇဝတ်သားဆိုရင်တောင် ကျွန်တော်
နှစ်ခါမစဥ်းစားပဲ ရွေးချယ်မှာ ကျွန်တော်လည်း
ပြန်မေးပါရစေ ကျွန်တော်သာ မိန်းမ
တစ်ယောက်ဆိုရင်ရော ရွေးချယ်မှာလား ””မင်းလေး ဘာဖြစ်ဖြစ် ကိုရွေးချယ်မှာ
ကို Gay ဖြစ်ဖို့ ရွေးချယ်ခဲ့တာလည်း မဟုတ်ဘူး
ကို ရွေးချယ်တဲ့ မင်းက ကောင်လေး
ဖြစ်နေလို့ လူတွေက ကို့ ကို Gay ဆိုပြီး
အမည်တပ်လိုက်တာ ကို ကတော့ အချစ်ကိုပဲ
ရွေးချယ်ခဲ့တာ ””ချစ်တယ် ဦးဆက် ကျွန်တော် ခင်ဗျား ကို
အားလုံးထက်ချစ်တယ် ””ကို က မင်းကို ကမ္ဘာတည် သ၍ ချစ်နေမှာပါ ”
ချစ်သူနှစ်ယောက်ချစ်စကားတွေက
ညကြီး ကို ပိုမိုလှပစေပြန်တယ်။
YOU ARE READING
Noel's Husband (Z & U)
Romance"ကို့ ကိုယ် မင်းရဲ့ Husband Anna လေးရဲ့ Daddy အဖြစ်အသိအမှတ် ပြုပေးနိုင်မလား " မင်းဆက်ခ "ခင်ဗျား ပြန်ပေးမဆွဲမှာ ကြိမ်းသေရင် ကျွန်တော်လက်ခံမယ် 😒 " Noel "ကို့ ကိုယ် မင်းရဲ့ Husband Anna...