တစ်စုံတစ်ယောက်က စိုက်ကြည့်နေတဲ့ခံစားချက်ကြောင့် ရိပေါ်နိုးလာခဲ့တယ်...မှောင်မိုက်နေတဲ့ အခန်းထဲ အရောင်တောက်နေတဲ့ မျက်လုံးလေးတွေကြောင့် စားပွဲတင်မီးအိမ်လေးကို ခပ်မြန်မြန်ပဲ လှမ်းဖွင့်မိတယ်...
"ဟင်...ကိုကို!.."
"အဟင်း...ငယ်လေး နိုးသွားတာလား..."
"ကိုကို စိတ်ဆိုးပြေသွားပြီလား...ကျွန်တော့ကို ပစ်မထားတော့ဘူးမလား..."သူ့ဆံပင်တွေကြားထိုးဆွနေတဲ့ ကိုကို့လက်ချောင်းတွေကို ဖမ်းဆုပ်လိုက်ရင်း သူ့နှုတ်ခမ်းတွေနဲ့ထိကပ်လိုက်တဲ့အခါ ကိုကိုက မျက်လွှာချတယ်...
"အရမ်းချစ်တယ် ကိုကိုရယ်..."ရိပေါ်က ကိုကို့ခေါင်းကိုထိန်းကိုင်ရင်း နှုတ်ခမ်းအစုံကို စုပ်ယူနမ်းရှိုက်တယ်...သု့မျက်လုံးတွေကိုမှိတ်ချပစ်ရင်း ကိုကို့ခံတွင်းထဲ လျှာကို မွှေနှောက်ပစ်တယ်...နွေးထွေးစိုစွတ်တဲ့ဒီအထိအတွေ့ကို သူသိပ်လွမ်းနေခဲ့တာ...
မျက်နှာပေါ်ရိုက်ခတ်နေတဲ့ ကိုကို့ရဲ့ ထွက်သက်နွေးနွေးကို သူခံစားမိတယ်....ပြီးတော့ နွေးထွေးအိစက်တဲ့ နှုတ်ခမ်းအစုံ...ဒါပေမယ့်...ဒါပေမယ့် ရိုက်ခတ်တဲ့ ထွက်သက်နွေးနွေးက တဖြည်းဖြည်းအေးစက်လာတယ်...နူးညံ့တဲ့ နှုတ်ခမ်းအထိအတွေ့က တဖြည်းဖြည်း ဝေးကွာလာတယ်...ပြီးတော့ သူဆုပ်ကိုင်ထားတဲ့ ကိုကို့ရဲ့လည်တိုင်ပျောက်ရှသွားသလိုပဲ...ရိပေါ်မျက်လုံးကို အလန့်တကြားဖွင့်လိုက်တယ်...ကိုကိုကသူ့ရှေ့ကနေပြုံးရင် ပျောက်ကွယ်သွားတယ်....
"ကိုကို!!!!"
ရိပေါ်မျက်လုံးတွေ ဖျတ်ခနဲပွင့်လာတယ်...မျက်နှာကျက်ပေါ်က ကိုကို့ပုံရိပ်က သူ့ကိုပြုံးပြနေတယ်...နှစ်နှစ်ရှိခဲ့ပြီ...ဒီအိမ်မက်မက်တိုင်း သူအသားမကျသေးဘူး....
စက်ဘီးလေးနင်းရင်း ဆိုင်သွားနေပုံရတဲ့ ကိုကိုက လမ်းပေါ်အာရုံစိုက်ထားတယ်..ဒီvideoတွေဟာ ဟောက်ရွှမ်းအကူအညီနဲ့ မနှစ်ကစပြီး သူ့ဆီကို ပို့ပေးခိုင်းခဲ့တာ...ဘာပဲဖြစ်ဖြစ် သူ့အတွက်တော့ အဖိုးတန်လွန်းတယ်...တခါတလေ ကံကောင်းရင် videoထဲက ကိုကို့အသံဩရှရှလေးကိုပါကြားရတတ်သေးတယ်...အာ့လိုနေ့မျိုးဆို ရိပေါ်တို့ အရူးရင့်တာပါပဲ...