ရှောင်းကျန့် ကော်ဖီဆိုင်ကိုဖွင့်ရင်း စားပွဲခုံတွေကိုသန့်ရှင်းရေးလုပ်နေတယ်..အတွေးတွေကလည်း ညက စားခဲ့တဲ့ သူအကြိုက်ဆုံးဆိုင်က ဖက်ထုပ်နဲ့ခေါက်ဆွဲကို ဘယ်သူပို့လိုက်တာလဲ စဉ်းစားနေတာပင်..ကျန်းချန်ကို ဖုန်းဆက်မေးပေမယ့် ကျန်းချန်ကလည်း သူမပို့ဘူးလို့ပြောလာတဲ့အခါ ရှောင်းကျန့်စဉ်းစားရကြပ်လာတယ်...ရိပေါ်များလို့ တွေးမိတဲ့အခါ နာနာကျင်ကျင်နဲ့ပဲ မဖြစ်နိုင်ကြောင်း ကိုယ့်ကိုယ်ကို အသိပေးလိုက်ရတယ်...နောက်ဆုံးတော့ ဘယ်သူပဲပို့ပို့ စားရမှာ သူ့တာဝန်လို့ သဘောထားလိုက်တဲ့ ရှောင်းကျန့်ဟာ နှစ်မျိုးလုံးကို ကုန်စင်အောင် စားခဲ့ပါတယ်...
တနင်္ဂနွေရဲ့ မနက်တွေဟာ ရှောင်းကျန့်တို့ အရမ်းအလုပ်များတဲ့အချိန်တွေပါပဲ...တခါတလေ ညနေအထိ လူက ဆက်တိုက်ကျတတ်တယ်...အာ့လို အချိန်ဆို ရှောင်းကျန့်ပိုငိုချင်မိတယ်...တနင်္ဂနွေညနေတိုင်းမှာ ကျန်းချန်က ကိတ်သင်တန်းပြန်သင်တာမို့ ရှောင်းကျန့်က ဆိုင်မှာ တစ်ယောက်တည်း လုပ်နေရတာမို့ပင်...လူထပ်ငှားရင်ကောင်းမလားတွေးမိပေမယ့် ပုံမှန်အချိန်သူတို့နှစ်ယောက်ပဲ နိုင်နင်းနေတာမို့ ပိုက်ဆံအပို မကုန်ချင်တာကြောင့် လူထပ်မခေါ်ဖြစ်တော့တာ...ဒီနေ့ညနေတော့ လူက ရှင်းနေတာမို့ ရှောင်းကျန့်ဖုတ်လက်စ ကိတ်လေးအပေါ် အာရုံစိုက်ထားလိုက်တယ် ....လွန်ခဲ့တဲ့ ဘယ်နှနှစ်ကတည်းက ဒီအကျင့်ရှိနေမှန်း သေချာမမှတ်မိတော့ပေမယ့် ရှောင်းကျန့်က အခုထိ စွဲစွဲမြဲမြဲ လုပ်နေတုန်းပင်..အာ့ဒါက ရိပေါ်ကြိုက်တတ်တဲ့ စတော်ဘယ်ရီကိတ်သားနဲ့ချောကလတ်ခရမ်တွေအုပ်ထားတဲ့ကိတ်တစ်လုံးကို နေ့တိုင်းလုပ်ဖြစ်နေတာပါပဲ...အရင်ကတော့ ရိပေါ်အတွက်လုပ်ခဲ့ပေမယ့် အခုတော့ စားမယ့်ရိေပါ်မရှိပေမယ့် သူကတော့ သူစားမှာပဲ ဆိုပြီး ဆက်လုပ်နေဖြစ်ခဲ့ပါတယ်...
နောက်ဆုံး ကိတ်လေးလုပ်ပြီးသွားတဲ့ အချိန် ၄နာရီထိုးပြီမို့ ရှောင်းကျန့်တို့ဆိုင်ထဲ လူလည်း တော်တော်ရှင်းနေပြီ...ရှောင်းကျန့်က ပုံမှန် ၅နာရီဆို ဆိုင်ပိတ်တတ်တယ်...ဆိုင်ရှေ့မှာ လာရပ်တဲ့ ကားအနက်ကြီးကြောင့် ရှောင်းကျန့် စိတ်ညစ်သွားတယ်...ဆိုင်ကပိတ်တော့ပါမယ်ဆိုမှ...သက်ပြင်းချလိုက်ရင်း ကော်ဖီကောင်တာနောက်မှာ ရပ်လိုက်ပြီး ဆံပင်မကျအောင်ထိန်းတဲ့ ခေါင်းစွပ်လေးကို ငုံ့ကာဆောင်းလိုက်တယ်...ဆိုင်တံခါးပွင့်လာတဲ့ ခေါင်းလောင်းသံကြောင့် ခေါင်းကို မြန်မြန်မော့လိုက်ရင်း...
"ကြိုဆို...ဟင်..."
စကားတွေက တဝက်တပျက်နဲ့ ရပ်ကုန်ရတယ်...ဆံပင်တွေကို သပ်ရပ်စွာ ဖြီးသင်ထားတဲ့ရိပေါ်က သူ့အရှေ့မှာ ရပ်နေတယ်...အရင်လို ဆံပင်လုံးလုံးလေးမဟုတ်တော့တဲ့ ရိပေါ်က ပါးဖောင်းဖောင်းလေးတွေလည်း အနည်းငယ်ပိန်သွားခဲ့ပြီ...မျက်တွင်းတွေ အနည်းငယ်ကျနေသလိုမျိုးမို့ အိပ်ရေးပျက်ခံနေပြန်ပြီလားလို့တွေးရင်း အိပ်ရေးပျက်ရင် ဖျားတတ်တာကိုပါ တဆက်တည်းသတိရတယ်...အရောင်အစပ်အဟပ်တွေကို နားမလည်တဲ့ သူ့ကလေးဟာ ဘယ်လိုမှ အစပ်အဆက်မရှိတဲ့ ကုတ်နဲ့ shirtကိုတွဲဝတ်ထားတာေတာင် သိပ်ကိုခန့်ညားနေဆဲပါပဲ..အတန်ကြာတဲ့အထိ သူရော ရိပေါ်ရော ဘာမှ မပြောဖြစ်သလို ဘယ်သူကမှလည်း အကြည့်မလွှဲဖြစ်ကြ...မလွှဲနိုင်တာဆို ပိုမှန်လိမ့်မယ်...