ဦးလေး၁က မျက်ဝန်းထဲက မျက်ရည်စတွေကို ဖိပွတ်ရင်းသုတ်နေတယ်။ ဒီလောက်ဆို သူရိပ်မိပါတယ်။ ဦးလေး၂က အမွှေတွေအားလုံးကို အပိုင်ယူချင်တယ်။ သူ့ရှေ့က အကိုတွေ တစ်ယောက်ပြီး တစ်ယောက်သေသွားလို့သာ သူက အမွေအားလုံးရလိုက်တဲ့ ညီလိမ္မာလေးတစ်ယောက်အနေနဲ့လည်း သူကနေချင်သေးတာမို့ ပိုပြီးထက်မြက်မယ့် ရိပေါ်ရဲ့ အဖေကို အရင်သတ်တယ်။ အဖွားကို လုပ်ကြံဖို့မလွယ်ကူသေးလို့ ဒါမှမဟုတ် မလုပ်ကြံရက်သေးတဲ့အချိန်ဖြစ်နေသေးလို့ ဦးလေး၁ကို ဒိုင်းတစ်ခုလို ကာထားဖို့ အသုံးချခဲ့တယ်။ အခုရိပေါ်ရောက်လာတော့ သူစီစဉ်ထားသမျှတွေ လွဲမှားတော့မှာမို့ အဖွားကို အရင်ရှင်းပစ်လိုက်ရတဲ့ပုံမျိုး။ အခုလည်း ဒီအခန်းထဲကို ဦးလေး၂အချိန်မရွေးရောက်လာပြီး သူတို့နှစ်ယောက်လုံးကို အပြတ်ရှင်းလိုက်နိုင်တာမို သူ့မှာ back upတွေ အများကြီးစီစဉ်ထားရပြန်တယ် ။ဦးလေး၁ပြောသမျှကို အသံသွင်းပြီး ဟောက်ရွှမ်းဆီ ချက်ချင်းပို့ပေးနေတယ်။ ပြီးတော့ အခန်းကို လိုက်ကာတွေနဲ့ အပြည့်ကာထားတယ်။ အဖွားလို အဖြစ်မျိုးထပ်ပြီး အဖြစ်မခံနိုင်တော့လို့။
"မင်းအဖေဆုံးတဲ့နေ့က ငါ့ချစ်သူမှာ ကိုယ်ဝန်ရှိမှန်းသိခဲ့ရတဲ့ အချိန်။ မင်း ၂နှစ်ကျော်လေးပေါ့။ အာ့အချိန်မှာ ရှိသမျှ သက်သေတွေအားလုံးက မင်းအဖေကိုသတ်တဲ့သူက ငါပါဆိုပြီး ထိုးပြနေခဲ့တယ်။ နောက်နေ့ချက်ချင်း မင်းကို မိဘမဲ့ ဂေဟာပို့ခဲ့ရတဲ့အထိကို ငါ့အပေါ်သံသယတွေ အရမ်းကိုကြီးမားခဲ့ကြတယ်။ ငါဘာမှ ဖြေရှင်းလို့မရခဲ့ဘူး။မင်းကို ဂေဟာပို့ပြီး ပြန်ရောက်တဲ့ ညမှာပဲ မင်းအမေက အဆိပ်ခတ် လုပ်ကြံခံခဲ့ရတယ်။ ငါလေ မင်းကို သနားလွန်းလို့ လာတွေ့ချင်မိတယ်။ ဒါပေမယ့် မားမားက USက shareတစ်ဝက်ကိုခွဲပေးပြီး ငါ့ကို တရုတ်ပြန်မလာဖို့ နားချခဲ့တယ်။ ငါလက်ခံခဲ့ပြီး ထွက်သွားခဲ့ပေမယ့် USကရှယိယာတွေကိုပါ မပေးချင်တဲ့သူက ငါ့နောက်ကလိုက်လာခဲ့တယ်။ ငါ့နာမည်နဲ့အခုလက်ရှိ လုပ်ငန်းစုတွေကို ထောင်ပြီး မားမားကိုတိုက်ခိုက်တယ်။ ငါဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘူး မားမားရဲ့ အင်အားကိုလည်း ငါကြောက်တယ်။ ပြီးတော့ သူ...သူ့ကိုလည်း ငါကြောက်လာတယ်။ ငါ...ငါ့ချစ်သူကိုခေါ်ပြီး USက အစွန်အဖျားရွာလေးဆီထွက်သွားဖို့ ကြိုးစားခဲ့တယ်။ ကိုယ်ဝန်အရင့်အမာနဲ့ သူမက ငါခေါ်ရာလိုက်ခဲ့ပေမယ့် လမ်းမှာ accidentဖြစ်ခဲ့ပြီး ကံကောင်းချင်တော့ ကလေးရော လူကြီးပါ ဘာမှ မဖြစ်ခဲ့ကြဘူး။ အာ့ဒါဟာ သူ့အတွက်တော့ အကောင်းဆုံးဖြစ်သွားခဲ့တယ်။ ဟောက်ရွမ်းကို သူ့သားအဖြစ် မွေးစားလိုက်ပြီး ငါ့ချစ်သူကိုလည်း ဆေးကုပေးထားတယ်။ ပြီးတော့ ငါ့ကိုလည်း အသက်ရှင်ခွင့်ပေးခဲ့တယ်။ တစ်ခုပဲ ငါဟာ သူ့လက်ခုပ်ထဲကရေ....သူကြိုးဆွဲရာငါကရတယ်ပေါ့။ အားလုံးရဲ့ အမြင်မှာတော့ ငါဟာ လူဆိုးကြီးပဲ။"