Episode 15

682 56 0
                                    

18နှစ်ပြည့် မနက်ခင်းလေးက သိပ်ကို အသက်ဝင်လွန်းတယ်...တက္ကသိုလ်ဒုတိယနှစ်တက်နေပြီဖြစ်တဲ့ ရိပေါ်က လူပျိုကြီးဖားဖားကိုဖြစ်လို့...ကိုကို့ဆီက အဖြေရပြီးရင် အိမ်ထောင်သည်ဘဝကိုခြေစုံပစ်ဝင်ဖို့လည်း စိတ်ကူးယဉ်တတ်နေပြီ....မနေ့ညမအိပ်ခင်ကတည်းက တဂျီဂျီနဲ့ အဖြေတောင်းပေမယ့် လူဆိုးကြီးကိုကိုက မိုးမလင်းမချင်း မပြောဘူးဆိုလို့ သူ့မှာ အသည်းတယားယားနဲ့...အခုလည်း အိပ်ယာကနေ အစောကြီးထသွားပြန်ပြီ..မီးဖိုချောင်ထဲမှာ အသံတွေကြားနေရတာမို့ ကိုကိုက သူ့အတွက် သက်ရှည်ခေါက်ဆွဲ‌ချက်ပေးနေတာနေမှာလို့ တွေးရင်း မျက်နှာမြန်မြန်သစ်ပြီး ‌မီးဖိုခန်းကိုဝင်ခဲ့လိုက်တယ်...

"ကော...ကိုကိုရော..."
ထင်ထားသလို ရှောင်းကျန့်ဟုတ်မနေခဲ့တော့ သူ့မျက်နှာက ပြိုတော့မယ့်မိုးလို...

"ဝေး...အသေးလေးရိပေါ်...နိုးပြီလား...Happy Birthday...လာ...ခေါက်ဆွဲလာစား...ရှောင်းကျန့်ချက်သွားပေးတာ..."
"ကိုကိုကရော..."

သူနဲ့အတူ မွေးနေ့မနက်စာတောင် အတူမစားပေးပဲ ဘယ်ပျောက်နေမှန်းမသိတဲ့ လူကို ရိပေါ်စိတ်ကောက်ချင်လာတယ်...မရည်ရွယ်ပါပဲ မျက်ရည်ကလည်း ဝဲတတ်လာပြန်ရော...အဲ့လိုပါပဲ ဝမ်ရိပေါ်ဆိုတာ ရှောင်းကျန့်နဲ့ပတ်သက်လာရင် ယောက်ျားတန်မဲ့ စိတ်နုလွန်းပါတယ်..

"ပန်းချီကားသွားပို့တယ်..."
"အခုသွားမှ ဖြစ်မှာလား....ဒီမနက်ကြီးမှလား..."
"အယ် ရိပေါ်...စိတ်ကောက်နေတာလား...မကောက်ပါနဲ့...ရှောင်းကျန့်က စောင့်နေသေးတယ်...၉နာရီအရောက်ပို့ရမှာမို့...မင်းက အိပ်ယာထနောက်ကျတာကို..."
"အခုမှ ၈နာရီပဲ ရှိသေးတာ...ကျွန်တော့ကို နှိုးလည်းရတာကို.."
"သွားရမှာ မြို့အထွက်ဘက်ထိမို့ပါကွာ...စား..စား...အေးကုန်တော့မယ်..."
မစားချင်ပေမယ့် စေတနာကိုအသိအမှတ်ပြုလို့ တစ်ပန်းကန်ကုန်အောင်စားလိုက်တယ်...သူမပျော်တော့ဘူး...တကယ်....

"ကျောင်းသွားတော့မယ်...."
"အေး...အေး..."

ကျောင်းသွားဖို့ ရိပေါ် စက်ဘီးကို ထုတ်လိုက်တယ်...
ရိပေါ်တက္ကသိုလ်စတက်ရတဲ့နှစ်မှာ ကိုကိုက ဝယ်ပေးထားခဲ့တာ...ရှိသမျှဒေါသ စက်ဘီးအပေါ်ပုံချလို့ စောင့်အောင့်ပြီး စက်ဘီးကိုနင်းတယ်...လူကလှိုက်လို့မောလာရင်း မွေးနေ့မနက်မှာ အတူမရှိပေးတဲ့ ရှောင်းကျန့်ကို စိတ်ကတိုလာတာမို့ ဆိုင်ဘက်သွားကြည့်မယ့်စိတ်ကူးကို ပယ်ဖျတ်လိုက်တယ်...

Lovely StrangersTahanan ng mga kuwento. Tumuklas ngayon