စောင်ပုံလေးထဲမှာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ရှောင်းကျန့်ရဲ့ နဖူးပြင်ကို ခပ်ဖွဖွနမ်းလိုက်ပြီး ရိပေါ်အိပ်ယာက ထလိုက်တယ်..မနေ့ညက သူတို့နှစ်ယောက်ရဲ့ အိမ်လေးကို ပြန်လာကြတာမို့ ကိုကိုက ခရီးပမ်းနေကာ အခုထိမနိုးသေး...သူကတော့ ကိုကိုနဲ့ဝေးပြီးနောက်ပိုင်းဆေးကူပြီးတောင် အိပ်ခဲ့ရတာမို့ အခုလို ကိုကို့ကို ဖက်ပြီးအိပ်ရတဲ့အခါ အိပ်ရေးတွေဝလို့ စောစော နိုးတတ်နေပြီ...မှန်ပြတင်းကနေ နေရောင်ခြည်က အထဲကို ဖြာကျနေပြီမို့ လိုက်ကာကို လုံအောင် ဆွဲစေ့ရင်း ကိုကိုအိပ်ရေးမပျက်သွားဖို့ ကာကွယ်ပေးလိုက်တယ်...မနက်စာပြင်ပေးလိုက်ပြီး "ဆိုင်သွားပြီနော်"ဆိုတဲ့ notepadလေးကို ပန်းကန်ဘေးမှာကပ်ခဲ့ရင်း ဆိုင်ကိုထွက်ခဲ့တယ်..အရင်တုန်းကအတိုင်း စက်ဘီးကတော့ ကိုကိုလာမှ စီးလာပါစေ...ထွက်ပေါ်စနေရောင်ခြည်အောက်မှာ လက်ဆတ်တဲ့လေကို ရိပေါ်က တဝကြီးရှူသွင်းတယ်...ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့အခြေအနေကို ပြန်ရောက်တဲ့အခါ နှစ်ဆပိုတိုးပြီး ပျော်ရွှင်ရတယ်...
ဆိုင်ရှေ့ရောက်တော့ ကျန်းချန်ကောက ဆိုင်တံခါးဖွင့်နေပြီ...
"ကော!!..."
ခပ်ကျယ်ကျယ်အော်ရင်း ခါးကြားကို လက်ထောက်လိုက်တော့ ကျန်းချန်ကောကခပ်ကျယ်ကျယ်ဆဲတယ်...
"ဆောက်ကလေးလေး..._ီးပဲ"တဲ့...ရိပေါ်က ခပ်ကျယ်ကျယ်အော်ရယ်လို့ ဆိုင်တံခါးဖွင့်တယ်....စာအုပ်ဆိုင်ဘက်က တံခါးတွေပါလိုက်ဖွင့်ရင်း စာအုပ်တွေကို ပြန်စီတယ်..မနက်ခင်းလေးက နွေးထွေးလို့....ကော်ဖီခွက်တွေကို ဘေးချင်းယှဉ်ရက် သုတ်နေရင်း ကျန်းချန်ကောဆီက ဘာစကားသံမှထွက်မလာတဲ့အခါရိပေါ်က အံ့ဩရတယ်...စောင်းကြည့်မိတော့ တစ်ခုခုကို ဝေခွဲမရရှိနေတဲ့ပုံမျိုးမို့ သူက စကားစဖို့ကြိုးစားတယ်...
"ကော...."
လှည့်မကြည့်လာပါဘဲနဲ့ မျက်ခုံးသာပင့်ပြီးဆက်ပြောဆိုတဲ့ ပုံစံလုပ်ပြတယ်..."ကိုကိုဘာဖြစ်ခဲ့တာလဲ..."
ကျန်ချန်ကောရဲ့ လှုပ်ရှားမှုတွေရပ်ကုန်ပြီး သူ့ကိုလှည့်ကြည့်လာတယ်...မျက်မှောင်နှစ်ခုကလည်း စုကြုံ့လို့...