Episode 8

926 83 2
                                    

အိမ်ထဲမှာ နာရီ‌ဝက်လောက် တိုက်ပွဲအသေးစားလေးဖြစ်သွားပြီးနောက် ရိပေါ်လက်မှာ ကိုက်ရာ အကွင်းလိုက် ကျန်နေခဲ့တယ်...ဒီလူကြီး ဘယ်ကတက်လာတဲ့ အကျင့်လဲ...အခုလည်း စိတ်ဆိုးနေပါတယ်ဆိုတဲ့ လူက ဆိုဖာပေါ်မှာ တင်ပျဉ်ခွေလေးထိုင်နေတယ်...ပြန်ရောက်က‌တည်းက အင်္ကျီတောင်မလဲရသေးဘဲ သူ့ကို နှင်လွှတ်နေတာမို့ နှစ်ယောက်သား စကားများနေကြတာလေ...မနက်ကတည်းက ရှောင်းကျန့်ကိုယ်ပေါ်မှာ ဝတ်ထားတဲ့ ဆွယ်တာ ညိုဖျော့ဖျော့အရောင်က ရှောင်းကျန့်ရဲ့လက်ဖျားတွေအထိ ဖုံးအုပ်ထားတယ်...အောက်နှုတ်ခမ်းလုံးလုံးလေးကိုရှေ့ကို နည်းနည်းထုတ်ထားရင်း မျက်လုံးတွေကို မှိတ်ထားတယ်...ဒါဟာ သူတစ်ယောက်ပဲ မြင်ခွင့်ရှိတဲ့ ရှောင်းကျန့်ဆိုတဲ့ သူ့ဘဝ သူ့ကိုစိတ်ကောက်နေတဲ့အမူအယာပါတဲ့...ဒါဟာ 32နှစ်အရွယ် ယောက်ျားတစ်ယောက်ပါလို့ ကျိန်တွယ်ပြောရမယ်ထင်တယ်...ကြည့်ရင်းနဲ့ အသည်းယားလာတဲ့ စိတ်ကို သူမထိန်းနိုင်တော့...ခြေလှမ်း10လှမ်းစာလောက်သာဝေးတဲ့ ထမင်းစားခန်းက သူထိုင်‌ေနတဲ့ ခုံကနေ ဆိုဖာဆီကိုအပြေးသွားပြီး စိတ်ကောက်နေတဲ့ လူကို ကောက်ပွေ့ရင်း သူ့ပေါင်ပေါ် မျက်နှာချင်းဆိုင်ခွလျက်သားလေးချီတင်လိုက်တော့ ‌ကြောက်ကြောက်လန့်လန့်သူ့ကို မော့ကြည့်တယ်...ပါးက အခုမှ ပိုဖောင်းနေတာလား...သူ့ကို နမ်းစေချင်နေတာလား...နှုတ်ခမ်းတွေက ပို‌ရဲနေတယ်ထင်တယ်...သူ့ကို နမ်းစေချင်လို့လား...အတွေးထက် အလုပ်ပိုမြန်တဲ့ သူက နှုတ်ခမ်းရဲရဲကို ပြွတ်ခနဲ စုပ်နမ်းမိတော့ ထိန်းထားဖို့မေ့နေခဲ့တဲ့ လက်က သူ့ရင်ဘက်ကို ထုရိုက်လာတယ်...လျှာနဲ့တစ်ချက်သပ်လိုက်ရင်း လွှတ်ပေးလိုက်တော့ သိပ်လှတဲ့ မျက်စောင်းတစ်ချက်ကိုတွေ့ရတယ်...မကျေနပ်ပါဘူးပေါ့...
"အသည်းယားလို့...."
နားသပ်စပ်ကို နှာခေါင်းနဲ့ခပ်ဖွဖွထိရင်း ခပ်တိုးတိုးပြောတော့ ကိုယ်လေးကတုန်ခနဲ...အင်း..အရင်ကတည်းက သူ့ဘဝက အရှက်ကြီးတာပါလေ...
"မင်း...သိပ်အသားယူတာပဲ..."
"ဘာဖြစ်လဲ...ကိုကိုက ကျွန်တော့အပိုင်လေ...ဟောဒီလို 'ရွှတ်'..ဟောဒီလို 'ရွှတ်'...ဟောဒီလို'ပြွတ်'...လုပ်တယ်...မကျေနပ်ဘူးလား..."
ပါးနှစ်ဖက်နဲ့ နှုတ်ခမ်းလေးကို စကားပြောရင်း ထပ်နမ်းမိတော့ ရုန်းကန်လာတာမို့ ခါးကို တင်းနေအောင်ဖက်ရင်း သူ့ခန္ဓာကိုယ်နဲ့ ထိကပ်‌ထားလိုက်တယ်...
"မကျေနပ်ဘူး...ငါက စိတ်ဆိုးနေတာ‌...မင်းပြန်တော့..."
"မကျေနပ်ဘူးလား...ရော့...ပြန်နမ်း.."
"မနမ်းဘူး...မင်း အခုပြန်တော့..."
"အောင်မာ...ပြန်ရအောင် ကိုကိုတစ်ယောက်တည်ပိုင်တာလား...ဒီအိမ်က...အိမ်ဝယ်တုန်းက ကျွန်တော့ မုန့်ဖိုးတွေလည်းပါတယ်လေ...ကိုကိုလူလည်မကျနဲ့..."
"အာ့ဒါဆို ငါငွေပြန်အမ်းမယ်..."
"ငွေစကားမပြောနဲ့နော်...ခင်ဗျားကိုပါ ငွေ‌နဲ့ပေါက်ပြီးဝယ်ပလိုက်မယ်..."
ရှောင်းကျန့်ကသာ ရန်စွာဖို့ပဲ အာရုံရောက်နေပေမယ့် သူကတော့ နားသယ်စပ်တစ်လျှောက်ကို စကားပြောရင်း မထိတထိ နမ်းနေရတာကို ပိုအာရုံရတယ်...
"အေးပါ...မင်းက ဘောစိကိုး..."
"အင်း ဟုတ်တယ်...ကိုကို..."
"ဟင်..."
"ဗိုက်ဆာနေပြီ..."
"ဟင် ဗိုက်ဆာနေပြီလား...ဖယ်..ဖယ်...ကိုကိုသွားချက်လိုက်ဦးမယ်...ငယ်လေးရေချိုးလိုက်နော်...ကိုကိုမြန်မြန်လုပ်ပေးမယ်..ငယ်လေးက အဆာလွန်ရင် ဗိုက်အောင့်မှာ..."
တွေ့လား...ဒီလူရဲ့ ရင်ထဲရော ဦးနှောက်ထဲမှာရော သူ့အတွက်ပဲ စဉ်းစားပေးနေတာပါဆို...ပျာပျာသလဲ လက်တွေဖယ်ချရင်း အောက်ကို ဆင်းဖို့ ရုန်းနေတာမို့ တိုးလို့ဖက်ထားပီး ရှောင်းကျန့်ရင်ခွင်ထဲ သူခေါင်းတိုးဝင်မိတော့ ရုန်းနေတာတွေရပ်သွားတယ်...
"ကိုကို..."
"အင်ဟင်..."
"ချစ်တယ်...အရမ်းချစ်တယ်..."
"...."
"ကိုယ့်ကိုယ်ကို မညာနဲ့တော့...ကျွန်တော့ကို ပြန်လက်ခံပေးပါ..."
"မခံရင်ရော..."
"မခံလည်း ကျွန်တော်က ကိုကို့အနားပဲ နေမှာ...ကိုကိုလက်ခံတော့ ကျွန်တော် အတင်းအဓမ္မတွေ လုပ်စရာ‌မလိုတော့ဘူးပေါ့..."
"မင်းလေ...နှာဘူးပဲသိလား..."
"လက်ခံပေးပါကိုကိုရာ...ကျွန်တော် ဒူးထောက်တောင်းပန်ရမလား..."
ရင်ခွင်ထဲကနေထွက်လို့ ရှောင်းကျန့်ကို မော့မော့လေးကြည့်မိတော့ သူမြတ်နိုးရတဲ့လက်ရှည်ရှည်တွေက သူ့နဖူးပေါ်ဝဲကျနေတဲ့ ဆံသားတစ်ချို့ကို သပ်တင်ပေးတယ်...
"ချစ်တယ်ငယ်လေး...အရမ်းချစ်တယ်...ကိုကို အတ္တကြီးရင် အဆင်ပြေမလား..."
"အရမ်းအဆင်ပြေတယ်..."
ရှောင်းကျန့်က သူ့နှုတ်ခမ်းကိုထိရင်းနမ်းတယ်...သူကတော့ အသက်ရှူတွေရပ်တယ်...အာ့လိုပါပဲ...ဒီလူတိုက်စစ်ဆင်ရင် သူအကြိမ်ကြိမ်ကျရှူံးပါတယ်...

Lovely StrangersWhere stories live. Discover now