ဆေးရုံကုတင်ပေါ်မှာ ဒူးပိုက်လို့ထိုင်ရင်း ပြတင်းပေါက် အပြင်ကို ငေးနေတဲ့ ရှောင်းကျန့်ကို ကျန်းချန်ကြည့်ရင်း သက်ပြင်းချမိတယ်...ငါးရက်သတိမေ့နေခဲ့ပြီးတဲ့နောက် ဒီနေ့က သတိပြန်ရလာတဲ့ တတိယမြောက်နေ့...
ပိန်ကျသွားတဲ့ ခန္ဓာကိုယ်က ဆေးရုံအင်္ကျီထဲမှာ နစ်မြုပ်နေတယ်...ဖြူဖျော့ခြောက်ကပ်နေတဲ့ နှုတ်ခမ်းတွေ...ပြီးတော့ ချိုင့်ဝင်နေတဲ့မျက်လုံးတွေ...ရှောင်းကျန့်က အရင်နဲ့မတူတော့ဘူး...
အာ့နေ့ကသာ တစ်ခုခုဖြစ်ခဲ့ရင် သူအခုအချိန်မှာ ရှောင်းကျန့်ကို မမြင်ရတာ့ဘူးထင်ပါရဲ့...မြို့ကို အသစ်ပြောင်းလာတဲ့ ဆရာဝန်4ယောက်ရဲ့ ညစာစားပွဲကို အာ့ဆိုင်မှာ လုပ်နေခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ လျှိုဟွိုက်ခွမ်းဆိုတဲ့ ဆရာဝန်က ရှောင်းကျန့်ကို လူလေးယောက်ဝိုင်းချုပ်ပြီး အခန်းထဲဆွဲထည့်သွားတာကို မြင်လိုက်လို့သာ အချိန်မှီကယ်ခဲ့နိုင်တာ...
ဒါပေမယ့် အရမ်းလန့်သွားတာရော စိတ်ထိခိုက်နေတာရောပေါင်းပြီး ရှောင်းကျန့်က trumaပါရသွားတော့တယ်...ရှောင်းကျန့်သတိရလာတဲ့ မနက်ခင်းကို သူပြန်မတွေးချင်ပေမယ့် မေ့လို့လည်းမရဘူး...သနားလွန်းလို့ ဆရာဝန်တွေရော သူပါ မျက်ရည်ကျရတဲ့အထိ...ယောက်ျားတစ်ယောက်ဟာ အခြားယောက်ျားတွေရဲ့ sexual harassmentလုပ်ခံရလို့ trumaဝင်သွားဖို့ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ ကြားတောင်မကြားဖူးခဲ့တဲ့ အရာတစ်ခုမို့ သူကိုယ်တိုင်လည်းထိတ်လန့်မိတယ်...
သူမနက်စာသွားဝယ်နေတုန်းမှာ သတိရလာတဲ့ ရှောင်းကျန့်က သတိရတာနဲ့ ဆေးပိုက်တွေဆွဲဖြုတ်လို့ ရေချိုးခန်းထဲပြေးဝင်ပြီး ရေပန်းအောက်မှာငုတ်တုတ်ထိုင်ရင်း သူ့လက်တွေ လည်ပင်းတွေ ဝမ်းဗိုက်တွေကို သွေးတွေရဲနေအောင်ထွက်တဲ့အထိ ကုတ်ခြစ်နေတယ်...သူရောက်သွားပြီး ဆွဲတဲ့အခါလည်း ငိုရင်းနဲ့ ရင်ဘတ်တွေကို ဆက်ပြီးထုရိုက်နေတာမို့ အပြင်က ဆရာဝန်တွေကို သူအော်ခေါ်မိတယ်...ဆရာဝန်နဲ့ အမျိုးသားသူနာပြု 5ယောက်လောက် အခန်းထဲ ပြေးဝင်လာတဲ့အခါ ရှောင်းကျန့်အခြေအနေက ပိုဆိုးသွားခဲ့တယ်...