သူ့ကို အပိုင်သိမ်းမယ်ဆိုတဲ့ ကောင်လေး ပေါ်မလာတာ တစ်ပါတ်ပြည့်ပြီ...ရင်ထဲ အနည်ထိုင်နေတာတွေကို ဂယက်ထအောင် လုပ်ခဲ့ပြီး အခုတော့ ပျောက်သွားပြန်ပြီ...မျှော်နေမိတာမဟုတ်ပေမယ့် ဒီလိုပဲ...လွမ်းတယ်ပေါ့...
"ရှောင်းကျန့် တံခါးဝကို ဘာလို့ခနခန ကြည့်နေတာလဲ...ဧည့်သည်လာမှာမို့လား..."သူမူပျက်နေတာကို ကျန်းချန်တောင် သတိထားမိနေပြီ...ရိပေါ်ရောက်လာခဲ့တဲ့အကြောင်း ကျန်းချန်ကို မပြောဖြစ်သေးတာမို့ မသိသေးဘူး...
"ဟမ်...မလာပါဘူး...ငါ ဒီအတိုင်းပဲ..."
"အေး အာ့ဆိုလည်း အာရုံစိုက်လေး ယုန်ပေါရာ...ငါသွားတော့မယ်...သင်တန်းချိန်နီးနေလို့...."
"အေး...အေး..."
ပြီးခဲ့တဲ့ Sundyက ရင်ခုန် စိတ်လှုပ်ရှားခဲ့သလောက် ဒီSundayက အရင်အတိုင်း အထီးကျန်မှုတွေပြည့်လို့...ပြီးခဲ့တဲ့ တစ်ပါတ်တည်းက ရိပေါ်ကြိုက်တဲ့ ကိတ်လေးကို ခပ်စောစောလေး လုပ်ထားဖြစ်တယ်...ဘယ်အချိန်ရောက်လာမှန်း မသေချာတဲ့ လူတစ်ယောက်အတွက် ရောက်လာတဲ့ အချိန်မှာတော့ အဆင်သင့်ဖြစ်နေချင်လို့...
"ကောကော!!!"
ခေါင်းလောင်းသံနဲ့အတူ တပြိုင်တည်းထွက်လာတဲ့ အသံခပ်ကျယ်ကျယ်ကြောင့် ရှောင်းကျန့် သက်ပြင်းချရင်း ခေါင်းခါမိတယ်...ဒီကလေးမ ရောက်လာပြန်ပြီ..."ကောကော...ရွှမ်းအာလာတယ်..."
"အင်း...ကျူရှင်ကပြန်လာတာလား..."
"ဟုတ်...ကောကော ရွှမ်းအာကိုအဖြေပေးတော့လေ..."ရှောင်းကျန့် သူ့ရှေ့က ရွှမ်းအာကို ကြည့်ရင်း ရိပေါ်ကို သတိရမိတယ်....ရိပေါ်လည်း သူ့ကို ချစ်တဲ့ အချစ်တွေဖော်ပြခဲ့တာ ၁၆နှစ်...ရွှမ်းအာအရွယ်ပဲပေါ့...အခုလည်း ရွှမ်းအာက သူ့ကို ပိုးကြေးပန်းကြေးလာပြောနေပြန်တာ...ရှောင်းကျန့်အတွက်ကတော့ ချစ်စရာ ညီမလေးထက်မပိုခဲ့ဘူး...
"ရွှမ်းအာ...အာ့လိုတွေမပြောရဘူးလို့ ကောမှာထားတယ်လေ...စာပဲ ကြိုးစားစမ်းပါ..."
"ဒါဆို ရွှမ်းအာ ဘွဲ့ရရင် ကောကောကို ယူလို့ရပြီလား..."
"မရဘူးလေ...ကောမှာ ပိုင်ရှင်ရှိတယ်လို့ ဟိုတခါတည်းက ပြောပြထားတာကို..ပြီးတော့ရွှမ်းအာ ဘွဲ့ရတဲ့ အချိန်ဆို ကောကိုမေ့သွားပြီး..ရွှမ်းအာနဲ့ရွယ်တူ ကောင်လေးချောချောလေးတွေနဲ့ ရွှမ်းအာက ပျော်နေရတော့မှာလေ ရွှမ်းအာရဲ့..."
"မရဘူး ရွှမ်းအာက ကောကောကိုပဲ ယူမှာ...ရော...အခု ကောကောက ဒါယူ..."
မျက်စိရှေ့ရောက်လာတဲ့ ယုန်ရုပ်ဖြူဖြူလေးကို မြင်တော့လည်း အရင်က ယုန်ရုပ်အညိုလေးပေးခဲ့ဖူးတဲ့ ကောင်လေးကို သတိရမိပြန်ရော...
"ကောက ကလေးမှာ မဟုတ်တာ.."
"မရဘူး ကောကောနဲ့တူတယ်..ယူရမယ်..."
"ရွှမ်းအာရယ်...ယူရင် ပြန်မှာလား..."
"အင်း...ပြန်မယ်..."
မျက်လုံးလေးမှိတ်တဲ့အထိ ပြုံးပြနေတဲ့ကောင်မလေးက ရှောင်းကျန့်ရဲ့ ညီမလေးသာဖြစ်လိုက်ပါတော့လား....
"ကဲ...ပေး..."
ရှောင်းကျန့်လည်း လှမ်းယူတယ်...ရွှမ်းအာလည်း လှမ်းပေးပေမယ့် ယုန်ရုပ်ဖြူဖြူလေးက ကြားထဲက လက်ဖြူဖြူထဲကိုရောက်သွားတယ်...
"ဟာ! ဘာလုပ်တာလဲ..."
ရွှမ်းအာရဲ့ အော်သံစူးစူး...ရှောင်းကျန့်ကတော့ လက်ပိုင်ရှင် က ရိပေါ်မှန်းသိတဲ့အခါ ကလေးဆန်ဆန် ထခုန်ချင်မိသွားတယ်...ဟိုမိန်းကလေး ပါမလာပါစေနဲ့လို့တောင်းရင်းနဲ့ပေါ့...
"ဒီကကောက ဘယ်သူလဲ...ဘာလုပ်တာလဲ...ရွှမ်းအာအရုပ်ပြန်ပေး.."
"မင်းက ဘယ်သူလဲ...ဘာလုပ်နေတာလဲ..."
"ရွှမ်းအာက ဒီက ကောကောကို လက်ဆောင်ပေးပြီး အဖြေတောင်းနေတာ..."
"ဘာ!!"
ကျယ်လောင်တဲ့ရိပေါ်ရဲ့အော်သံကြောင့်ရှောင်းကျန့်ကိုယ်လေးပါ တုန်တက်သွားတယ်...စူးရဲတဲ့အကြည့်တွေက လေဆာတွေတောင်ထွက်လာသလိုပဲလို့ သူခံစားမိတယ်...
"ကလေးအရုပ်ပြန်ပေးလိုက်ပါ ရိပေါ်..."
"ဘာ...သူက ကလေး...ဒါဆို ကျွန်တော်ကရော..."
"မဟုတ်ဘူးလေ ရိပေါ်..."
"ဘာလဲ ဒီအရုပ်ကို ယူမလို့လား...ဟမ်..."
"မယူပါဘူး..."
"ကောက ဘယ်သူမို့လို့ ရှောင်းကျန့်ကောကောကို အော်ပြောနေရတာလဲ..."
"သူက ငါပိုင်တာ...မင်းနားလည်လား.."
"မလည်ဘူး..."
ကလေးနဲ့ပြိုင်ဖြစ်နေတဲ့ ရိပေါ်ရယ် စွာလန်နေတဲ့ ရွှမ်းအာရယ်ကြောင့် ရှောင်းကျန့် အငွေ့ပျံသွားချင်တယ်...
"ဒီလို ဆွဲဖြဲလိုက်ရမလား..."
"အီး...ဟီး...ကောကောရေ လုပ်ပါဦး...ရွှမ်းအာအရုပ်လေးကို..."
ယုန်ရုပ်ရဲ့ ခေါင်းနဲ့ ကိုယ်လုံးကို ဆွဲဖြဲမယ့်ပုံနဲ့ ရိပေါ်က ခြောက်နေတာမို့ ရွှမ်းအာက အော်ငိုတော့တယ်...