Episode 16

661 57 3
                                    

Present time...

မနက်ဖြန်ရိပေါ်က ကုမ္ပဏီပြန်ရမှာမို့ မလိုက်ချင်တဲ့ရှောင်းကျန့်က တဂျီဂျီနဲ့ ကလေးလေးလို အီနေတာမို့ ကုတင်ခေါင်းရင်းကိုမှီထိုင်ထားတဲ့ ရိပေါ်က ‌ပွေ့ပိုက်ရင်း ချီထားတယ်....သူလည်း ဒီအိမ်လေးမှာပဲ အရင်လိုနေချင်တာပေါ့...အချိန်တစ်ခု စောင့်ရဦးမှာမို့သာ...

"ကိုကိုနေခဲ့မယ်လေ...မရဘူးလား..."
ရိပေါ်ရဲ့ မျက်နှာရှေ့က ဆံစတွေကို ဖွရင်း ၈၅၆ကြိမ်မြောက် ပြောတယ်...
"မရမှန်း ကိုကိုသိနေတာပဲလေ...ပြောပါဦးကိုကို..ကိုကိုဘာဖြစ်လို့ ဝမ်အိမ်မှာမနေချင်ရတာလဲ..."
"ပြောရမှာလား..ငယ်လေးက စိတ်ဆိုးမှာပေါ့..."
"အော....ဆိုးစရာလား...ပြောပါ..ကိုကို့လောက် ဘယ်ဟာမှ အရေးမကြီးဘူးရယ်..."
"ကိုကို အဲ့ဒီ ဝမ်မျိုးရိုးတွေကိုမုန်းတယ်..ဟောက်ရွှမ်းတော့မပါပါဘူး...အာ့ဒါကြောင့် ကိုကိုသူတို့အရိပ်မှာ မနေချင်တာ...ငယ်လေးနဲ့နှစ်ယောက်တည်း ကွန်ဒိုမှာဆို နေမယ်..."
"အာ...အာ့ဒီ အိမ်က ကျွန်တော်ဝယ်ထားတာလေ ကိုကိုရဲ့...ဟောက်ရွှမ်းက ဆယ်ပုံတစ်ပုံပါလို့ ဝမ်အိမ်တော်လို့ သုံးတာ...သူတို့တွေ မျိုးရိုးစဉ်ဆက်က နေလာခဲ့တဲ့အိမ် သပ်သပ်ရှိတယ်...ဒါပေမယ့် ကိုကိုက ကွန်ဒိုသွားနေချင်လည်း ရပါတယ်..."
"အာ့လိုဆိုတော့လည်း ကြိုးစားပြီးနေကြည့်ပါ့မယ်...ကိုကိုက ငယ်လေးကို ကိုကို့ဘဝထဲက ဆွဲထုတ်သွားလို့သာ မုန်းနေတာ..."
"အင်းပါ...အရမ်းတော့ ကြိုးစားမနေနဲ့...ကိုကို အဆင်ပြေဖို့ပဲ အရေးကြီးတယ်..."
"အင်းပါ..."
"ဒါဆို အိပ်ကြတော့မလား...မနက်ကျ အိပ်ရေးမဝရင် ဂျီနေဦးမယ်.."
"မဂျီပါဘူး...ငယ်လေးက ငြိုငြင်တာလား..."
"ငြိုငြင်စရာလား အချစ်ရယ်..."

ရိပေါ်က ရှောင်းကျန့်ဆံပင်တွေထဲ လက်ချောင်းရှည်တွေထိုးထည့်ရင်းဖွလိုက်တယ်....အိမ်မက်လှလှမက်ပါစေလို့ဆုမတောင်းပေးတော့ဘူး...သူ့ရင်ခွင်က ကိုကို့အတွက် လှပတဲ့ အိမ်မက်တွေ ဖန်ဆင်းပေးလိမ့်မယ်....
#######

ကုမ္ပဏီလာတဲ့ လမ်း‌တလျှောက် ရိပေါ်က ငိုင်တိုင်တိုင်နဲ့... ကိုကိုက ဝမ်အိမ်မှာပဲ နေခဲ့မယ်တဲ့...မနက်က အိမ်ထိန်းကြီးနဲ့ အဖွဲ့ကျသွားတဲ့ ကိုကိုက အရင်တစ်ခါကလို ရှိန်မနေတော့ဘဲ ရယ်လို့မောလို့...ကုမ္ပဏီကိုတစ်ယောက်တည်းထွက်လာရတဲ့ ရိပေါ်က အိမ်ထိန်းကြီး ကိုမျက်စောင်းတထိုးထိုးနဲ့...ဟောက်ရွှမ်းကလည်း တစ်မနက်လုံး ရှောင်းကျန့်ကောချင်းထပ်အောင် ခေါ်ပြီး အနားကပ်နေပြန်တာမို့ ဂုတ်ကဆွဲပြီး တွန်းထုတ်နေရတာတစ်လုပ်...သူက ကိုကို့ကို တစ်ယောက်တည်း ပိုင်ချင်တာပါဆို...သူမပျော်တော့ဘူးနော်...

Lovely StrangersOnde histórias criam vida. Descubra agora