"ဝမ်ရိပေါ်..."
ရှေ့က သူ့အဖွားဆိုသူကို ရိပေါ်မျက်လုံးလှန်ပြီး ကြည့်လိုက်တယ်...ပါးစပ်ကနေတော့ မထူးမိ...ရှောင်းကျန့်ကလွဲရင် တခြားလူတွေကို ရင်းနှီးဖို့ သူမကြိုးစားမိဘူး...
"မင်းမှာ မေးစရာတွေအများကြီးရှိနေမှာပေါ့...."
စူးရဲတဲ့မျက်လုံးတွေနဲ့ အမျိုးသမီးကြီးက စကားပြောတာကလည်း အေးစက်စက်...သူကလည်း တော်ရုံမကြောက်တတ်တဲ့လူဆိုတော့ အကြည့်ကိုမလွှဲမိဘူး...ဘာလို့မှန်းမသိပဲ ကြောက်ပြနေရင် ဖြဲခြောက်ခံရမယ်လို့လည်း ထင်မိနေတယ်...
"မရှိပါဘူး...ကျွန်တော် ဘာလို့ ဒီနေရာမှာ ထိုင်နေရတာလဲ ဆိုတာပဲသိချင်တာ...ခင်ဗျားတို့စွန့်ပစ်ခဲ့ပြီး ဘာလို့အခုမှ တွေ့ချင်ရတာလဲပဲ သိချင်တာ...."
"ဝမ်ရိပေါ်...ယဉ်ကျေးမှု နည်းနည်းရှိစမ်းပါ...ဘယ်လိုပဲ ဖြစ်ဖြစ် ငါက မင်းအဖွား...စွန့်ပစ်ခဲ့တာကို မကျေနပ်ဘူးဆိုရင်တောင် ငါ့သွေးတွေမင်းကိုယ်ထဲမှာ စီးနေတုန်းပဲ..."
"ဟုတ်ပါပြီ...အဖွားဆိုတော့လည်း အဖွားပေါ့...စွန့်ပစ်လို့ မကျေနပ်မဖြစ်မိပါဘူး...အဖွားတို့စွန့်ပစ်ခဲ့လို့ ကျွန်တော်က ရှောင်းကျန့်လိုလူနဲ့ နေခွင့်ရခဲ့တာ...ကျေးဇူးတောင်တင်မိတယ်..."
"ရိပေါ်...အဖွားပြောတာကို သေချာနားထောင်ပေး...ချစ်တဲ့လူကို ကာကွယ်ပေးချင်လား...မင်းကြောင့်ဒုက္ခရောက်မှာကို မြင်ချင်လို့လား..."
"ဘာကို ဆိုလိုချင်တာလဲ..."
"မင်းရှောင်းကျန့်ကို ချစ်ရင် မင်းသူ့ကို ကာကွယ်ရမယ်...အဲ့ဒါကြောင့် မင်းဒီနေရာမှာ ရှိနေရတာ...မင်းသာ ရှောင်းကျန့်နဲ့ဆက်ရှိနေရင် မင်းတို့နှစ်ယောက်လုံးအသက်အန္တရယ်ရှိလာလိမ့်မယ်..."
"ဟမ်...ဘာဆိုင်လို့လဲ..."
"ဟင်း...မင်းကတစ်သက်လုံး အေးအေးချမ်းချမ်းနဲ့ ရှောင်းကျန့်လုပ်သမျှစီးပွားရေးတွေအဆင်ပြေနေတာ ကံကောင်းလို့လို့ ထင်နေတယ်လား...ငါ မင်းကို အမြဲစောင့်ကြည့်နေတာပါ..."ရိပေါ်ပြောစရာစကားတွေ ပျောက်ရှနေတယ်....ဘာတွေဖြစ်နေတာလဲ...ဘာတွေလဲ...သူနားမလည်နိုင်တော့ဘူး...
အဖွားက သူ့ရှေ့ကို albumတစ်အုပ် ချပေးတယ်....ရှေ့ဆုံးစာမျက်နှာက လင်မယားနှစ်ယောက်နဲ့ သားသုံးယောက်ပုံလေးကို လက်ညှိုးနဲ့ထောက်ပြတယ်...
"ဒါက ဝမ်အိမ်တော်ရဲ့ ဆက်ခံသူတွေပေါ့....ငါ့သားသုံးယောက်။...အလယ်က မင်းအဖေ ဝမ်ကျန်းလီ...ဒါက အကြီးဆုံးသား ဝမ်ကျိုးရီ...အငယ်ဆုံးက ဝမ်ရှန်းလီ...
မင်းအဖေက သိပ်ကို ဉာဏ်ကောင်းတယ်...အလိုက်သိတယ်...ပြောရရင် ငါ့အချစ်ဆုံးသားပေါ့...ငါတို့မိသားစုက သားတွေငယ်ငယ်က သိပ်ပျော်ရွှင်ဖို့ကောင်းခဲ့တယ်...အသက်ကြီးလားပြီး စည်းစိမ်ဥစ္စာတွေ တိုးပွားလာတာနဲ့အမျှ အတ္တတွေကလည်း ကြီးလာကြတယ်...ငါအပါအဝင်ပေါ့..."
အတိတ်ကို လွမ်းမောနေပုံရတဲ့အဖွားရဲ့စကားတွေထဲ ရိပေါ်လည်း စီးမျောနေတယ်...သူ့မိဘတွေ ဘာဖြစ်သွားလဲ...သူဘာလို့စွန့်ပစ်ခံခဲ့ရလဲ သူသိချင်မိတယ်...