ဝမ်အိမ်တော်ရဲ့ ပေါ်တီဂိုရှေ့ကားရပ်လိုက်တော့ ခြံအဝင်ကတည်း ပြူးကျယ်နေတဲ့ ရှောင်းကျန့်ရဲ့မျက်လုံးက ပိုကျယ်လာတယ်..ပေါ်တီဂိုရှေ့ရောက်ဖို့ကို တောအုပ် ခပ်ငယ်ငယ်ပုံစံ ပြုလုပ်ထားတဲ့ လမ်းတစ်လျှောက်ကို 10မိနစ်လောက်ကားမောင်းလာခဲ့ရပြီး လူလုပ်ရေတံခွန်ခပ်သေးသေးတွေကိုပါ တော်တော်များများတွေ့ခဲ့ရတယ်...ရိပေါ်ကားပေါ်က ဆင်းတော့ အဝင်ဝမှာ ခါးညွှတ်အလေးပြုတဲ့ အိမ်ထိန်းကြီးရဲ့ နောက်က အလုပ်သမား15ယောက်လောက်ကို မြင်တဲ့အခါ သူ့မျက်လုံးတွေက ရှေ့ခန်းကနေ ဆင်းမလို့ဟန်ပြင်နေတဲ့ ဟောက်ရွှမ်းဆီ ရောက်တယ်...စိတ်ထက်လက်ကမြန်တဲ့ ရှောင်းကျန့်က အမြင်ကတ်ကတ်နဲ့ ဟောက်ရွှမ်းရဲ့ ခေါင်းကို နောက်ကနေ လှမ်းတွန်းတယ်...
"အား...ဘာလဲကောရဲ့..."
"မင်း...မင်း..."
"လာလေ...ကိုကို..."
ရှောင်းကျန့်ရန်စွာမလို့ လုပ်တုန်း ရိပေါ်က ကားတံခါးလာဖွင့်တယ်...
"နေဦး ငယ်လေး...ခနလေး...ဟောက်ရွှမ်း...မင်းပြောတော့ ငါတို့သွားရင် မင်းတစ်ယောက်တည်းကျန်ခဲ့မှာဆို..."
"အင်းလေ..."
"ဒါဆို ဒီလူတွေက ဘာလဲ..."
"ဟာ...ကောကလည်း သွေသားရင်းနဲ့တော့တူမလား...သွားချင်လည်း သွားလေ..ကျွန်တော်က လိုက်နေမှာ..."
ရှောင်းကျန့် ဆက်မပြောချင်တာမို့ ကားပေါ်က ဆောင့်အောင့်ပြီးဆင်းတယ်...အာ့ဒါဆို ဘာလို့ သွေးသားရင်းကို စွန့်ပစ်ခဲ့ကြပါလဲ...ဟောက်ရွှမ်းမသိနိုင်တဲ့ကိစ္စမို့ သူဝမ်းနည်းသွားနိုင်တဲ့ ရန်တွေ့ခြင်းကို ရှောင်းကျန့်ရှောင်လိုက်တယ်...ဟောက်ရွှမ်းကိုလည်း သူက ညီအရင်းလို သံယောဇဉ်ဖြစ်မိတာမို့..."အိမ်ထိန်းကြီး...ဒါ ရှောင်းကျန့်တဲ့...သေချာဂရုစိုက်ပေးပါ...ကျွန်တော့ကို ဂရုစိုက်တာထက်ပိုပေး...ကျွန်တော့ ဘဝမို့..."
ရိပေါ်ရဲ့ စကားအဆုံး ခေါင်းငုံ့ထားတဲ့ အလုပ်သမားတွေအားလုံး ခေါင်းမော့လာကြတယ်..အိမ်ထိန်းကြီးဆို ပါးစပ်တောင် ဟ သွားသလိုပဲ...အံ့ဩလို့လေ...
"ဟုတ်ကဲ့ သခင်လေး...စိတ်ချပါ..."
"လေးလေးကျန်း...ကျန့်ကောကို ပျော်အောင်ထားနော်...ဒါမှ ...အင်း..အဆင်ပြေမှာ..."
အာကျယ် ဟောက်ရွှမ်းကို ရှောင်းကျန့်က ခေါင်းငုံ့ထားရင်းနဲ့မှ မျက်စောင်းလှမ်းထိုးတယ်...လူတွေအများကြီးနဲ့ သူတကယ်မနေချင်ဘူး..သူက ငယ်လေးနဲ့နှစ်ယောက်တည်းရှိရင်ကို ပြည့်စုံနေပြီမို့...
"ဟုတ်ကဲ့ သခင်လေး၂"